Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ရှိ ဘားနှင့်နိုက်ကလပ်များ တန်ဆောင်မုန်းလပြည့်နေ့၌ ပွဲများမပြုရန် မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး

တန်ဆောင်မုန်းလပြည့်နေ့တစ်ရက်တည်း မဟုတ်ဘဲ အခြားရက်များတွင်လည်း လိုက်နာရန် လိုအပ်ကြောင်း Brave Eagles မှတာဝန်ရှိသူက အကြံပြုသည်။

ရန်ကုန်မြို့ရှိ ဘား(Bar)နှင့် နိုက်ကလပ်(Night Club)များအနေဖြင့် တန်ဆောင်မုန်းလပြည့်နေ့၌ ပွဲများမပြုလုပ်ခြင်းဖြင့် တော်လှန်ရေးတွင်ပါဝင်ပေးရန် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော Brave Eagles နှင့် Dark Shadow အဖွဲ့တို့က သတိပေးလိုက်သည်။

“အဓိကတော့ လူငယ်တွေဟာ နိုင်ငံအရေးထက် တစ်နေ့တစ်နေ့ ဘားတွေ၊ ကလပ်တွေမှာအချိန်ဖြုန်းငွေဖြုန်းနေတာတွေဟာ မဖြစ်သင့်တော့ဘူးလို့ ယူဆလို့ပါ။တစ်ဖက်မှာလည်း လူငယ်တွေကဘဝတွေ အနာဂတ်တွေစွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြတယ်။ကျွန်တော်တို့မြို့ပြက လူငယ်တွေအနေနဲ့က ဆင်ခြင်သင့်တယ်လိုမြင်လို့ပါ”ဟု Brave Eagles အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ဘားများ၊ နိုက်ကလပ်(Night Club)များသည် အကြမ်းဖက်စစ်ကောင်စီကို လိုင်းကြေးများပေးဆောင်၍ မူးယစ်ဆေးဝါးများရောင်းချမှူများလုပ်ဆောင်နေပြီး ပွဲများကျင်းပ၍ တိုင်းပြည်အေးချမ်းသည့်သဘောဆောင်အောင်လုပ်ဆောင်နေသောကြောင့် သတိပေးခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

“သတိအမျိုးမျိုးပေးထားသည့်ကြားက ဆက်လက်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးကို ဆက်လက်ထောက်ပံ့နေပါက ကျွန်ုပ်တို့ မဟာမိတ်ညီနောင်များမှ တုံ့ဆိုင်းခြင်းမရှိဘဲ အရေးယူဒဏ်ခတ်မှူ ပြုလုပ်သွားမည်” ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တန်ဆောင်မုန်းလပြည့်နေ့တစ်ရက်တည်း မဟုတ်ဘဲ အခြားရက်များတွင်လည်း လိုက်နာရန် လိုအပ်ကြောင်း Brave Eagles မှတာဝန်ရှိသူက အကြံပြုသည်။

ရန်ကုန်မြို့ရှိ ဘားနှင့်နိုက်ကလပ်များ တန်ဆောင်မုန်းလပြည့်နေ့၌ ပွဲများမပြုရန် မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး
ရန်ကုန်မြို့ရှိ ဘားနှင့်နိုက်ကလပ်များ တန်ဆောင်မုန်းလပြည့်နေ့၌ ပွဲများမပြုရန် မြို့ပြပြောက်ကျားအဖွဲ့များ သတိပေး

“လူငယ်တွေကိုပြောချင်တာ အပျော်အပါးမက်တာကျွန်တော်တို့လက်ခံပါတယ်။ ဒါပေမယ့် နေ့စဉ်နဲ့အမျှ ကလပ်တွေ၊ ဘားတွေသွား မူးယစ်ဆေးသုံးစွဲနေတာ မျိုးကိုတော့လက်မခံပါဘူးခင်ဗျာ။လူငယ်သဘာဝ သောက်စားပျော်ပါးတာကိုလက်ခံပါတယ်ခင်ဗျ။ လိုင်းပေါ်တင် ပျော်ပါးသောက်စားပြနေတာကြ တဖက်က ကျွန်တော်တို့ရဲဘော်တွေကို အမြင်မှာ မသင့်‌တော်ပါဘူး။မကူညီလို့ရပါတယ် စိတ်ဒဏ်ရာတွေပေးကြတာတော့ ကျွန်တော်တို့လက်မခံနိုင်ပါဘူးခင်ဗျာ “ဟု ၎င်းက ပြောသည်။

ဘားအချို့မှာမူ တန်ဆောင်မုန်းလပြည့်နေ့၌ အဆိုတော်များဖိတ်၍ ပွဲလုပ်ရန် ကြော်ငြာထားသည်ကိုလည်း တွေ့ရသည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီနှင့်ဆက်နွယ်သည့် ဘားများနှင့် ‌ကာရာအိုကေဆိုင်များအား မြို့ပြပြောက်ကျားအဖွဲ့များက ဖောက်ခွဲသတိပေးမှုများ ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။