Connect with us

Hi, what are you looking for?

သတင်း

တန်ဆောင်မုန်းလပြည့်နေ့ မန္တလေးမှာ စစ်ရေးပစ်မှတ်သုံးနေရာ တိုက်ခိုက်ခံရ

တိုက်ခိုက်မှုအသေးစိတ်ကိုတော့ ဖောက်ခွဲမှုမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံရာနေရာကိုရောက်မှ ဆက်လက်ထုတ်ပြန်အသိပေးမယ်လို့သိရပါတယ်။

မန္တလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)
မန္တလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)

တန်ဆောင်မုန်းလပြည့်နေ့မှာ မန္တလေးမြို့က စစ်ရေးပစ်မှတ် နေရာ သုံးခုကို မြို့ပြပြောက်ကျား သုံးဖွဲ့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ပြည်ကြီးတံခွန်မြို့နယ် ထဲကဖြစ်ပြီး (ဈ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၊ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ အမှတ် (၂၉) ကျောင်းဝင်းထဲမှာ စစ်အုပ်စုတပ်စွဲတဲ့နေရာတွေဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ဒီတိုက်ခိုက်မှုတွေကို Truth Keeping Force – Amarapura ၊ Anonymous Force Mdy နဲ့ PENTAGRAM – ငါးထောင့်ကြယ် အဖွဲ့တွေ ပူးပေါင်း လုပ်ခဲ့တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

တိုက်ခိုက်မှုအသေးစိတ်ကိုတော့ ဖောက်ခွဲမှုမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ လုံခြုံရာနေရာကိုရောက်မှ ဆက်လက်ထုတ်ပြန်အသိပေးမယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။