Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး
မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး

မန္တလေးမြို့နေ ပြည်သူများအနေဖြင့် တန်ဆောင်မုန်း လပြည့်နေ့တွင် လူစည်ကားရာနေရာများ ၊ အကြမ်းဖက်စစ်ကောင်စီက ကျင်းပသည့်ပျော်ပွဲ၊ရွှင်ပွဲများ မသွားကြရန်နှင့် ည ၈နာရီနောက်ပိုင်းအပြင် မထွက်ရန် People’s Defence Force Mandalay (MDY- PDF)က သတိပေးထုတ်ပြန်သည်။

“လက်ရှိမန္တလေး မြို့မှာ ပြည်သူတွေက တော်လှန် ရေးအပေါ် မသိလိုက်မသိဖာသာ နေတာတွေအရမ်းများလာတယ်ဗျ။တစ်နည်း ပြောရရင် ရေပေါ်စီတွေများလာတယ်။အခါကြီးရက်ကြီးတွေမှာ တစ်နိုင်ငံလုံးဘာမှ မဖြစ်သလိုနေနေကြတာက စကစရဲ့လိုချင်တဲ့ပုံစံဘဲဗျ။ ဒီကောင်တွေက ဒါတွေကို နိုင်ငံတကာချပြပြီး ဘာမှမဖြစ်သလိုနဲ့ သူတို့ဘဲ အုပ်ချုပ်နိုင်သလိုလို လုပ်ပြနေကြတာ။ဒါကိုကျွန်တော်တို့ပြည်သူတွေသိသိကြီးနဲ့ တစ်ရွာလုံး မီးရှို့ခံထားရတဲ့ ရွာတွေကိုမှမထောက်ဘဲ စည်ကားပြနေတာ ရှက်ဖို့အရမ်းကောင်းတယ်” ဟု MDY-PDF မှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး
မန္တလေးမြို့နေ ပြည်သူများ တန်ဆောင်မုန်းလပြည့် နေ့တွင် အပြင်မထွက်ကြရန် PDF သတိပေး

ထို့ကြောင့် တန်ဆောင်မုန်းလပြည့်တွင် မန္တလေးမြို့မှ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအပြင်မထွက်ဘဲ နေအိမ်၌သာနေရန် ၎င်းက မေတ္တာရပ်ခံသည်။

“တော်လှန်ရေးအစမှာ လမ်းပေါ်ထွက် လက်သုံးချောင်းစထောင်ခဲ့တဲ့မြို့က ဒီလောက်စိတ်ဓာတ် တွနေတာ မဖြစ်သင့်ဘူးဗျ အသိတရားရစေချင်ပြီ ပြန်ပြီး တော်လှန်ရေးမှာ ပါ၀င်ဖို့အချိန်တန်နေပြီလို့ထင်တယ်ဗျ။မနက်ဖြန်ကို ဖြစ်နိုင်ရင် Stay Home စေချင်တယ်ဗျာ။အဲ့လောက်မဖြစ်ရင်တောင် အနဲဆုံးလမ်းတွေပေါ်မစည်နေရင်‌ကျေ နပ်ပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သတိပေးချက်ကို မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာရှိလာပါက တာဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း MDY-PDF က ထုတ်ပြန်ထားသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့အကြိမ်ကြိမ် သတိပေးတယ်ဆိုတာ ပြည်သူအပေါ်ကိုလေးစားချစ်ခင်ပြီး မိဘလိုသဘောထားတာကြောင့်ပါ မနက်ဖြန်မှမဟုတ်ပါဘူး အချိန်တိုင်းနေ့ရက်တိုင်း တော်လှန်ရေးမပြီးသ၍ ဒီကောင်တွေအနားမကပ်တာအကောင်းဆုံးပါဘဲလို့ သတိပေးချင်ပါတယ်။ နောက်ပြီး UG အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကိုလဲ အလေးထားစေချင်ပါတယ်။ ဘာလို့ဆို အခုလိုကြိုတင်သတိပေးပြီး Mission တွေဖော်ဆောင်ရတာ ဘယ်လောက် အန္တရယ်များပြီးခက်ခဲတယ်ဆိုတာပြည်သူတွေအနေနဲ့သိစေချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်ရက်ကလည်း မန္တလေးမြို့မှ ဘားများအနေဖြင့် ယခုရက်ပိုင်းအတွင်း ပွဲများမပြုလုပ်ရန် Anonymous Force MDY အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့ရှိ ဘားနှင့် နှိုက်ကလပ်များကိုလည်း တန်ဆောင်မုန်းလပြည့်၌ ပွဲများမပြုလုပ်ရန် မြို့ပြပြောက်ကျားအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။