Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းနှင့် ပုလောမြို့တို့တွင်စစ်ကောင်စီတပ်ကိုPDFများတိုက်ခိုက်

မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ​ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်​နေသည်။

(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်း)
(ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်းမှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကစယ်ဒိုဖက်ဒရယ်စစ်​ကြောင်း)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်လမ်းပိုင်းတွင်ကင်းလှည့်နေ​သောစစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟုNUG၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသအမှတ်‌(၂)၊တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က Vigoသုံးစီး၊မြေတင်ကားတစ်စီး၊ Honda Fit တစ်စီးဖြင့် အရပ်သားကားများကိုစီးနင်း၍ လာကြခြင်းဖြစ်သည်။

“Vigo တစ်စီးနဲ့ Honda Fit တစ်စီးထိသွားတယ်။ နှစ်ဦးသေပြီး သုံးဦးဒဏ်ရာရတယ်လို့ ကနဦးသတင်းတက်လာတယ်” ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသအမှတ်‌(၂)၊တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမ​ပေါ်တွင် ကင်းလှည်နေသည့် စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၈ ရက်၊ နံနက် ၇နာရီခန့်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှစစ်သည်တော်များတစုံတရာ ထိခိုက်မှုမရှိကြောင်း ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းကလည်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထိုအတူ၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ စက်တော်ရာရွာတွင် စစ်ကောင်စီယာဉ်တန်း (၇)စီးကို ပုလောအရိပ်ပြောက်ကျားတပ်ဖွဲ့ကမိုင်း(၂)လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီးပျက်စီးသွားသည်ဟုဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုအ​ခြေအ​နေကိုမူမသိရသေးကြောင်းလည်း ဒေသခံများက​ပြောသည်။

မိုင်းဆွဲပြီးနောက် စစ်ကောင်စီတပ်သားများ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ရာ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရရှိသွားပြီး စစ်ကောင်စီတပ်က ပြည်သူပိုင် အိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်းဒေသခံများက​ပြောသည်။

“တိုက်ပွဲဖြစ်တော့ လမ်းမကြီးပေါ်မှာ အိမ်စီးကားနဲ့ ကုန်တင်ကား ၁၀၀လောက်ပိတ်မိနေတယ်။ စခတွေ(စစ်ကောင်စီတပ်)က သင်္ကန်းတောရွာက ကုန်စုံဆိုင်ကိုလည်း ဖောက်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြိတ်-ထားဝယ်ကားလမ်းကို စစ်ကောင်စီတပ်က အရပ်သားယာဉ်များကို အသုံးပြုပြီးစစ်လက်နက်များသယ်ဆောင်နေခြင်းကြောင့် နိုဝင်ဘာ ၈ ရက်မှစတင်ပြီး ယာယီပိတ်သိမ်းကြောင်း PDF မြိတ်ခရိုင်၊တပ်ရင်း (၁) ကထုတ်ပြန်ထားသည်။

မြိတ်-ထားဝယ်လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို PDF ဖက်ဒရယ်စစ်ကြောင်းအပါအဝင် ​ဒေသခံPDFများကကြားဖြတ်တိုက်ခိုက်မှုများ ယခုရက်ပိုင်းအတွင်းပိုမိုပြုလုပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook