Connect with us

Hi, what are you looking for?

သတင်း

မြဝတီ-ဝေါ်လေလမ်း၌ အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်မှ ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိဟု ကော်ဘရာစစ်ကြောင်းအသိပေး

ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-Cobra Column)
(စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-Cobra Column)

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ မြဝတီ-ဝေါ်လေ ကားလမ်းတွင် စစ်ကောင်စီတပ်ကို ယနေ့ နိုဝင်ဘာ ၉ရက် နေ့လည်ပိုင်းမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းကအသိပေးထုတ်ပြန်သည်။

အဆိုပါဒေသရှိ ဆုံဆည်းမြိုင်ကျေးရွာမှ တောင်နီ၊ သေ့ဘော့ဘိုး စသည့်ကျေးရွာများအနီးသို့ ကျူးကျော်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ၊ နည်းဗျူဟာ (၄၄၃) ၏ အင်အား (၁၅၀)ခန့်အား နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-Cobra Column)
(စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-Cobra Column)

ယနေ့ ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအား အတိအကျ သိရှိနိုင်ရန် စစ်မြေပြင်သတင်း စုံစမ်းဆဲ ဖြစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမရှိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်လိုက်သော (၁၂၀) မမ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ သေ့ဘော့ဘိုးကျေးရွာအတွင်းရှိ ဌာနေတိုင်းရင်းသားများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-Cobra Column)
(စစ်​ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီးခဲ့သည်။ ဓါတ်ပုံ-Cobra Column)

ထို့အပြင် ယမန်နေ့ညပိုင်းကလည်း မြွေသုံးကောင် ဘုရားကုန်းတွင် အခြေပြုထားသော အကြမ်းဖက်စစ်ကာင်စီက (၁၂၂) မမ (၁၂)လုံးတွဲ အတွဲလိုက်ပစ်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်အနီးက ရေပူရာဘာခြံအနီးမှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA)အဖွဲ့က တပ်သားအချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကနဦး သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။