Connect with us

Hi, what are you looking for?

သတင်း

တနိုင်း လီဒိုလမ်းတွင် စစ်ကောင်စီတပ်စစ်အင် အားတိုးချဲ့ပြီး လက်နက်ခဲယမ်းဖြည့်တင်းနေ၍ တိုက်ပွဲများဖြစ်ခဲ့ဟု KIA ပြော

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ပရင်းမှော်များ ရှိရာ နမ်ဗျူဒေသမှ လီဒိုလမ်းရှိ ရှဒူးဇွပ်တပ်စခန်းသို့ ပြန်ဝင်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု KIAက သတင်းဖော်ပြသည်။

(KIA တပ်မှ ရဲဘော်များအား တွေ့ရစဉ်)
(KIA တပ်မှ ရဲဘော်များအား တွေ့ရစဉ်)

ကချင်ပြည်နယ် တနိုင်းမြို့နယ် လီဒီုလမ်းပိုင်းသို့ စစ်ကောင်စီတပ်က ခြေလျင်စစ်ကြောင်းအပြင် စစ်ယာဉ်တန်းများဖြင့် စစ်အင်အားတိုးချဲ့နေပြီး လက်နက်ခဲယမ်းဖြည့်တင်းမှုနှင့် ရိက္ခာသယ်ဆောင်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ကချင်လွတ်လပ် ရေးတပ်မတော်(KIA)တပ်နှင့် ထိတွေ့မှုများရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

နိုဝင်ဘာ ၈ရက်က KIA အမှတ်(၂)တပ်မဟာ၊ အမှတ်(၄၃)တပ်ရင်းနယ်မြေ တနိုင်းမြို့နယ် လီဒီလမ်းမပေါ်ရှိ နမ်ဖျန့် ကျေးရွာနှင့် တိမ်ကောက်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ခလရ(၂၉၇)တပ်က အင်အား ၃၀ဖြင့် တနိုင်းမြို့က ထွက်ခွာလာစဉ် နမ်ဖျန့် ကျေးရွာနှင့် တိမ်ကောက်ကျေးရွာကြားတွင် KIA တပ်က စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ကြာမြင့်ခဲ့ကြောင်းဖော်ပြခဲ့သော်လည်း တိုက်ပွဲ၌ ထိခိုက်ကျဆုံးမှု ရှိမရှိကို ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

အဆိုပါဒေသရှိ ကချင်ဒေသခံတစ်ဦးကမူ ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်ကြောင်း ပြောကြားသည်။ ရဟတ်ယာဉ်ဖြင့် တနိုင်းသို့ လာရောက်ရာ လူနာလာသယ်ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ပရင်းမှော်များ ရှိရာ နမ်ဗျူဒေသမှ လီဒိုလမ်းရှိ ရှဒူးဇွပ်တပ်စခန်းသို့ ပြန်ဝင်လာသည့် စစ်ကြောင်း ဖြစ်သည်ဟု KIAက သတင်းဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။