Connect with us

Hi, what are you looking for?

သတင်း

ခလရ(၄၂၄) မှဒုတပ်ကြပ်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း၍စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။

ခလရ( ၄၂၄) မှဒုတပ်ကြပ်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်
ခလရ( ၄၂၄) မှဒုတပ်ကြပ်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်

နမ့်ခမ်းတွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကလက်ပစ်ဗုံးခြောက်လုံးနှင့် ကျည်ဆန်များယူဆောင်လာကာ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း၍ စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်​ခိုက်နေသည်။

မူဆယ်ခရိုင်၊ နမ့်ခမ်းအခြေစိုက် စကခ(၇)လက်အောက်ခံ ခမရ(၄၂၄)တပ်စခန်းမှ ကိုယ်ပိုင်အမှတ် (တ/၂၀၅၂၇၇) ဒုတပ်ကြပ် စိုးထိုက် သည်စစ်အာဏာရှင် လက်အောက် တွင်တာဝန်ထမ်းဆောင်စိတ်လုံးဝ မရှိတော့သည့်အတွက် ပြည်သူများနှင့်အတူ လက်တွဲပူပေါင်း သွားမည်ဟု ဆုံးဖြတ်ချက်ချ၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည်ဟု ရှမ်းမြောက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)က သတင်းထုတ်ပြန်ထားသည်။

“ဒုတပ်ကြပ် စိုးထိုက်က လက်ဗစ်ဗုံး ၆ လုံးယူလာတယ်။ ကျည်ဆန်တွေလည်းပါတယ်။ သူက ကျွန်တော်တို့နဲ့ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်နေတယ်” ဟု PSDAသတင်းထုတ်ပြန်ရေးတာဝန်ခံကပြောသည်။

ဒုတပ်ကြပ် စိုးထိုက်သည် ဇွန် ၇ရက်တွင်လာရောက်ပူးပေါင်းခြင်းဖြစ်​သော်လည်း PSDA ကနိုဝင်ဘာလ ၉ရက်မှသာ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။

ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့မှ ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးကို လက်ပစ်ဗုံးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook