Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခလရ(၄၂၄) မှဒုတပ်ကြပ်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း၍စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။

ခလရ( ၄၂၄) မှဒုတပ်ကြပ်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်
ခလရ( ၄၂၄) မှဒုတပ်ကြပ်တစ်ဦး ပြည်သူနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်ခိုက်

နမ့်ခမ်းတွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကလက်ပစ်ဗုံးခြောက်လုံးနှင့် ကျည်ဆန်များယူဆောင်လာကာ စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်း၍ စစ်​ကောင်စီတပ်ကိုပြန်လည်ခုခံတိုက်​ခိုက်နေသည်။

မူဆယ်ခရိုင်၊ နမ့်ခမ်းအခြေစိုက် စကခ(၇)လက်အောက်ခံ ခမရ(၄၂၄)တပ်စခန်းမှ ကိုယ်ပိုင်အမှတ် (တ/၂၀၅၂၇၇) ဒုတပ်ကြပ် စိုးထိုက် သည်စစ်အာဏာရှင် လက်အောက် တွင်တာဝန်ထမ်းဆောင်စိတ်လုံးဝ မရှိတော့သည့်အတွက် ပြည်သူများနှင့်အတူ လက်တွဲပူပေါင်း သွားမည်ဟု ဆုံးဖြတ်ချက်ချ၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည်ဟု ရှမ်းမြောက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့(PSDA)က သတင်းထုတ်ပြန်ထားသည်။

“ဒုတပ်ကြပ် စိုးထိုက်က လက်ဗစ်ဗုံး ၆ လုံးယူလာတယ်။ ကျည်ဆန်တွေလည်းပါတယ်။ သူက ကျွန်တော်တို့နဲ့ပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်နေတယ်” ဟု PSDAသတင်းထုတ်ပြန်ရေးတာဝန်ခံကပြောသည်။

ဒုတပ်ကြပ် စိုးထိုက်သည် ဇွန် ၇ရက်တွင်လာရောက်ပူးပေါင်းခြင်းဖြစ်​သော်လည်း PSDA ကနိုဝင်ဘာလ ၉ရက်မှသာ သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နမ့်ခမ်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အချို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီကိုတိုက်ခိုက်နေသည်။

ယမန်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့မှ ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးကို လက်ပစ်ဗုံးဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။