Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် ပဲခင်းကြီးရွာအနီး တိုက်ပွဲဖြစ်

ယမန်နေ့ (နိုဝင်ဘာ ၉ ရက်)နံနက် ၈နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာနှင့် တောင်ပို့ရင်းတံတားကြားတွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် တန့်ဆည်ပကဖရဲဘော်များ၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)
စစ်ဆင်ရေးတစ်ခုတွင်တွေ့ရသည့် တန့်ဆည်ပကဖရဲဘော်များ၊ ဓာတ်ပုံ-တန့်ဆည်(ပကဖ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးကျေးရွာအနီးတွင် ယမန်နေ့က ၁နာရီကျော်ကြာ တိုက်ပွဲဖြစ် ပွားပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၉ ရက်)နံနက် ၈နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊ ပဲခင်းကြီးရွာနှင့် တောင်ပို့ရင်းတံတားကြားတွင် စစ်ကောင်စီတပ်နှင့် တန့်ဆည် PDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

နံနက် ၁၀ နာရီကျော်အထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုများရှိကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း တန့်ဆည်(ပကဖ)အဖွဲ့တာဝန်ခံက ပြောသည်။

“ပဲခင်းကြီးအနောက်ဘက်အထွက်မှာဖြစ်တာ။ ရွာတွေကဆက်နေတာ။ ​ွေးတွေဘက်က တစ်ကောင်ပဲသေတယ်။ သုံးကောင်ဒဏ်ရာရတယ်။ပကဖဘက်ကထိတဲ့ရဲဘော်ကတော့ မစိုးရိမ်ရပါဘူး။”ဟု တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီတပ်သားများသည် ကံထူးမတွင် တပ်စွဲနေပြီး အထပ်မြင့်တိုက်များတွင် နေရာယူထားကြောင်း၊ ကံထူးမရှိ နေအိမ်များသို့ ဝင်ရောက်ပြီး ပစ္စည်းများနှင့် ဆေးဝါးများ အဓမ္မယူဆောင်နေကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် နိုဝင်ဘာ ၈ ရက် မွန်းလွဲပိုင်းကလည်းတန့်ဆည်နယ် ပေါင်ဂဒေါင် ရေငုပ်ပြွန်မှ အောင် စွာဖက် ဖြတ်ကူးနေသောအင်အား ၂၀၀ ကျော်ပါ ခမရ (၃၆၁၊၃၆၉)စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook