Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြစ်အတွင်း ဆီတင်သင်္ဘောတစ်စင်း အချိန် ၁နာရီကျော်ကြာမီးလောင်

အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဓာတ်ပုံ - MFSD
ဓာတ်ပုံ - MFSD

ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင် သင်္ဘောတစ်စင်း အချိန်၁နာရီကျော်ကြာမီးလောင်မှုဖြစ်ပွားခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၀ ရက်)နေ့လယ် ၂ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ဆီတင်သင်္ဘောမီးကို ညနေ၃ နာရီ ၅၃မိနစ်ခန့်မှသာ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

“အင်ဂျင်ခန်းက လောင်တာ မဟုတ်ဘူး။ဆီတွေထည့်ထားတဲ့ tankကနေ တိုက်ရိုက်လောင်တာလို့ပြောလို့ရတယ်။တ ခြားအသေး စိတ်တော့ ဌာနချုပ် မေးမှရမယ်”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သော ပုစွန်တောင်မြို့နယ်မီးသတ်စခန်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ မီးလောင်ခဲ့သည့် စက်သုံးဆီရေယာဥ်သည် စစ်ကောင်စီတပ်အတွက် ဆီသယ်လာသည့်သင်္ဘောဟု သတင်းထွက်ပေါ်နေသောလည်း သီးခြားအတည်မပြုနိုင်သေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။