Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ

▪️ရွေးကောက်ပွဲဖြစ်စဉ်များ၌ ပူးပေါင်းပါက ပြင်းထန်စွာ အရေးယူမည်ဟု အသိပေး

စစ်ကောင်စီက အာဏာဆက်လက် ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေရာ ယင်းရွေးကောက်ပွဲဖြစ်စဉ်ကို တက်နိုင်သမျှ ဟန့်တားသွားမည်ဖြစ်ကြောင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ (၁၈)ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကာကွယ်ရေးကော်မတီ(CJDC)က ယနေ့ သဘောထား ထုတ်ပြန်သည်။

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာ ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ CJDCသည် ဒီမိုကရေစီနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စနစ်ကိုသာ လက်ခံသည်ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအားလုံး၀ လက်ခံမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်မှုမလုပ်ကြရန် CJDCက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“အခုက တိုင်းပြည်မှာ ပြည်တွင်းစစ်လို ဖြစ်နေတာမျိုးဖြစ်တယ်။ စကစကလည်း ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကတော့ သိမ်းထားတဲ့အာဏာ ဆက်လက်ထိန်းသိမ်းနိုင်ရေးပေါ့လေ၊ ဒါဘန်းပြပြီးမှ ရွေးကောက်ပွဲ အမည်ခံလုပ်ဖို့ ဆိုတာပဲရှိတဲ့အတွက်ကြောင့်မို့လို့ CJDC အနေနဲ့ တက်နိုင်သမျှ စကစရဲ့ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို တက်နိုင်သမျှ ဟန့်တားသွားမှာ”ဟု CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းထွန်းဦးက ပြောသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲများ ဆင်နွှဲနေကြစဉ် နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့် အခြေအနေများကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး အမျိုးမျိုးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ အထိန်းအကွပ်မဲ့ ရောင်းဝယ် ဖောက်ကားမှုများ ရှိလာနေသောကြောင့် CJDC အနေဖြင့် ချင်းပြည်အတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများ လုံး၀တားဆီးပိတ်ပင်ကြောင်း ထုတ်ပြန်သည်။

အထက်ဖော်ပြပါ တားမြစ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တစုံတရာ ချိုးဖောက်မှုများ စိစစ်တွေ့ရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CJDCက အသိပေးထားသည်။

CJDCသည် လူသားမျိုးနွယ် အပေါ် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် သော အာဏာသိမ်းစစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့် ဖက်ဓရယ်ပြည်ထောင်စု စစ်စစ်ပေါ်ပေါက်ထွန်းကားလာရေးအတွက် အခြားသောတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်နေကြောင်း ဖော်ပြထားသည်။

CJDCသည် ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ် (CDF)အပါအဝင် ချင်းလက်နက်ကိုင်တပ် (၁၈)ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ကော်မတီဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းရေးမဟုတ်၊ ဆွေးနွေးရေးကိစ္စ SCEF ရဲ့မူအတိုင်း အခိုင်အမာရပ်တည်ဟု ထုတ်ပြန်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။