Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ

▪️ရွေးကောက်ပွဲဖြစ်စဉ်များ၌ ပူးပေါင်းပါက ပြင်းထန်စွာ အရေးယူမည်ဟု အသိပေး

စစ်ကောင်စီက အာဏာဆက်လက် ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေရာ ယင်းရွေးကောက်ပွဲဖြစ်စဉ်ကို တက်နိုင်သမျှ ဟန့်တားသွားမည်ဖြစ်ကြောင်း ချင်းလက်နက်ကိုင်တပ်ဖွဲ့ (၁၈)ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကာကွယ်ရေးကော်မတီ(CJDC)က ယနေ့ သဘောထား ထုတ်ပြန်သည်။

နိုဝင်ဘာ ၃ရက်မှ ၇ရက်အထိ CJDC ရုံးချက်၌ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် CJDC ပုံမှန်အစည်းအဝေးအပြီး ယနေ့ (နိုဝင်ဘာ ၁၁ရက်)တွင် ယခုကဲ့သို့ သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ
စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဟန့်တားသွားမည်ဟု ချင်းတပ်ပေါင်းစု CJDC ကြေညာ

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အာဏာ ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ CJDCသည် ဒီမိုကရေစီနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ စနစ်ကိုသာ လက်ခံသည်ဖြစ်၍ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲအားလုံး၀ လက်ခံမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်မှုမလုပ်ကြရန် CJDCက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“အခုက တိုင်းပြည်မှာ ပြည်တွင်းစစ်လို ဖြစ်နေတာမျိုးဖြစ်တယ်။ စကစကလည်း ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာကတော့ သိမ်းထားတဲ့အာဏာ ဆက်လက်ထိန်းသိမ်းနိုင်ရေးပေါ့လေ၊ ဒါဘန်းပြပြီးမှ ရွေးကောက်ပွဲ အမည်ခံလုပ်ဖို့ ဆိုတာပဲရှိတဲ့အတွက်ကြောင့်မို့လို့ CJDC အနေနဲ့ တက်နိုင်သမျှ စကစရဲ့ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို တက်နိုင်သမျှ ဟန့်တားသွားမှာ”ဟု CJDC ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထွန်းထွန်းဦးက ပြောသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲများ ဆင်နွှဲနေကြစဉ် နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့် အခြေအနေများကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး အမျိုးမျိုးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၊ အထိန်းအကွပ်မဲ့ ရောင်းဝယ် ဖောက်ကားမှုများ ရှိလာနေသောကြောင့် CJDC အနေဖြင့် ချင်းပြည်အတွင်း မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် သုံးစွဲခြင်းများ လုံး၀တားဆီးပိတ်ပင်ကြောင်း ထုတ်ပြန်သည်။

အထက်ဖော်ပြပါ တားမြစ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ တစုံတရာ ချိုးဖောက်မှုများ စိစစ်တွေ့ရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CJDCက အသိပေးထားသည်။

CJDCသည် လူသားမျိုးနွယ် အပေါ် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် သော အာဏာသိမ်းစစ်ကောင်စီ အမြစ်ပြတ်ချေမှုန်းရေး၊ အမျိုးသား လွတ်မြောက်ရေးနှင့် ဖက်ဓရယ်ပြည်ထောင်စု စစ်စစ်ပေါ်ပေါက်ထွန်းကားလာရေးအတွက် အခြားသောတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်နေကြောင်း ဖော်ပြထားသည်။

CJDCသည် ချင်းအမျိုးသားတပ်ဦး(CNF/CNA)၊ ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ် (CDF)အပါအဝင် ချင်းလက်နက်ကိုင်တပ် (၁၈)ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ကော်မတီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။