Connect with us

Hi, what are you looking for?

သတင်း

မန္တလေး PDF နဲ့စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်ပြီး ၂ ဖက်ကျဆုံးမှုရှိ

နိုဝင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာလ ၉ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ၂ ဖက်အကျအဆုံးရှိတယ်လို့ မန္တလေးPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက ပြောပါတယ်။

(ပုံဟောင်း)
(ပုံဟောင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး PDF နဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ ရှမ်းပြည်နယ် နောင်ချို မြို့နယ်အစပ် မှာ ၂ ရက်ကြာ ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နဲ့ နိုဝင်ဘာလ ၉ ရက်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ၂ ဖက်အကျအဆုံးရှိတယ်လို့ မန္တလေးPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မိုးကြိုးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၂၀ ကျော် သေဆုံးသလို PDF တပ်ဖွဲ့ဝင် ၁ ဦးလည်းကျဆုံးသွားတယ်လို့ ဗိုလ်မိုးကြိုးထံက သိရပါတယ်။

“စစ်အုပ်စုဘက်ကလည်း ရာထူးကြီး တစ်ယောက်အပါအဝင် သေတာများတယ်လို့ ပြန်သိရတယ်၊ကျွန်တော်တို့ဘက်ကလည်း ရဲဘော်တစ်ယောက် မြင့်မြတ်စွာ အသက်ပေးလိုက်ရတယ် ” လို့ ဗိုလ်မိုးကြိုးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားတဲ့ မန္တလေး PDF က ရဲဘော်ဟာ ရဲဘော်မှန်လေးခေါ် ကိုဇော်ဝင်းမောင်ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ ခြေမြန်တပ်ရင်း ၅၀၂ ၊၅၀၃ တို့ရဲ့ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းထိုးလာလို့ မန္တလေး PDF နဲ့စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။