Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ပေါ်၌ စစ်အုပ်စုတပ်စွဲထားရာ နေရာကို မြို့နယ်(ပကဖ)ဝင်တိုက်

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။

(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)
(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ ရဲဘော်များအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ

မကွေးတိုင်း ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာအချို့ကို ယနေ့ညနေပိုင်း၌ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

“ရေလယ်ကျွန်းနဲ့ မြောင်ဘက်မှာ မြစ်အရှေ့ဘက်မှာ သူတို့ စစ်ကြောင်းထိုးပြီး ရွာတွေမီးရှို့နေတာပေါ့။ မီးရှို့နေတဲ့အချိန်မှာ ကျနော်တို့ မြို့နယ် ပကဖအနေနဲ့ မြို့ပေါ်မှာရှိတဲ့ စကစ တပ်စွဲထားတဲ့နေရာတွေ ဝင်တိုက်တာ”ဟု ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ပျူများ ဆေးကုနေသည့် ဆေးရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့ စစ်ဗိုလ်တွေရော ပျူခေါင်းဆောင် ရော အဲဒီမှာ ဆေးကုနေတာ။ အဲဒီမှာ လုံခြုံရေးတင်းကျပ် ထားတယ် ကျနော်တို့ အဲဒီဆေးရုံကို ဝင်တိုက်တာ။ ခွေးနှစ်ကောင်သေတယ်။ တစ်ကောင်ဒဏ်ရာရတယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု အခြေနေနှင့်ပတ်သက်ပြီး သတင်းအချက်အလက်နှင့် ရုပ်သံမှတ်တမ်းကို မကြာမီ ထုတ်ပြန်ပေးမည်ဟုလည်း ရဲဘော်ဝေကြီးက ၎င်း၏ Facebook တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။