Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်၍ ပြည်သူ့ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့၏စခန်း ၆ခု စွန့်လွှတ်လိုက်ရ

စစ်ကောင်စီလက်နက်သယ်ယူမည့်လမ်းကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ဖြတ်တောက် တားဆီးနေ၍ တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယနေ့ညနေတွင် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာ​​ခြင်းဖြစ်သည်။

တမူးမြို့တွင် စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်၍ ပြည်သူ့ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့၏စခန်း ၆ခု စွန့်လွှတ်လိုက်ရ
တမူးမြို့တွင် စစ်ကောင်စီတပ်က အင်အားသုံးထိုးစစ်ဆင်၍ ပြည်သူ့ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့၏စခန်း ၆ခု စွန့်လွှတ်လိုက်ရ

စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုပြီး သာလွန်အင်အားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့၏စခန်း ၆ခုကို စွန့်လွှတ်လိုက်ရသည်။

တမူးမြို့နယ်အတွင်း နေရာတစ်ခုတွင် တည်ရှိသော ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့၏ စခန်း ၆ခုကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာလ ၁၅ရက်)ညနေ ၄နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။

” မနေ့ကကျဆုံးတဲ့ ရဲဘော်ကို သင်္ဂြုလ်ပြီးချိန်မှာပဲ စစ်ခွေးတွေက အလုံးအရင်းနဲ့ ဝင်တိုက်တာ။ စစ်လက်နက်ပစ္စည်းကလွဲလို့ ဘာမှ ယူချိန်မရလိုက်ဘူး။ တစ်ဦးမှအထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဆုံးရှုံးမှုကတော့ များတယ်”ဟု BSO (Burma Student Organization တာဝန်ခံကပြောသည်။

Public Service Announcement
Public Service Announcement

စီးနင်းတိုက်ခိုက်ခံရသောနေရာတွင် PDF-Tamu တပ်ရင်း (၄)၊တမူး ပကဖ၊ABSDF၊ BSO (Burma Student Organization၊ FRTနှင့် CDM Police Fighterတို့က မဟာမိတ်အနေဖြင့် စခန်းများတည်ဆောက်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့စခန်းတစ်ခုတည်းတင် ကားတစ်စီး၊ ဆိုင်ကယ်တွေနဲ့ လက်တော့ ဆယ်လုံးကျော်၊ ပရင်တာတွေရော ထားခဲ့ရတယ်။ အဓိကက လက်နက်နဲ့ ကျည်မလုံလောက်လို့ ဆုတ်ခဲ့ရတာ” ဟု BSO တာဝန်ခံက ပြောသည်။

သို့သော် လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်အားလုံး ဘေးကင်းသည့်နေရာသို့ရောက်နေပြီဟုဆိုသည်။

” ကျွန်တော်တို့ အန္တရာယ်ကင်းပါတယ်။ ဒီညဆို ခြုံစရာစောင်တောင်မရှိဘူး။ဒါပေမယ့် ပြည်သူတွေအတွက်ဆိုတဲ့စိတ်နဲ့ အားတင်းထားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

အိန္ဒိယနိုင်ငံမှ ပို့မည့် စစ်လက်နက်ပစ္စည်းများကို စစ်ကောင်စီက တမူးနယ်စပ်မှတဆင့် သယ်ယူရန် ကြိုးစားနေရာ တမူးမြို့တွင် နိုဝင်ဘာလ ၁၃ရက်ကတည်းက တိုက်ပွဲဖြစ်နေပြီးစစ်လက်နက်ပစ္စည်းများကို တမူးနယ်စပ်မှတဆင့် သယ်ယူရန် စစ်လက်နက်ပစ္စည်းများ သယ်ယူရန် ကြိုးစားနေ​​သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

စစ်ကောင်စီလက်နက်သယ်ယူမည့်လမ်းကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက ဖြတ်တောက် တားဆီးနေ၍ တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယနေ့ညနေတွင် စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာ​​ခြင်းဖြစ်သည်။

တမူးမြို့ အာရှလမ်းမကြီးဝန်းကျင်တွင် ယမန်နေ့(နိုဝင်ဘာ ၁၄ရက်)က တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးထိမှန်၍ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးကာ သုံးဦးဒဏ်ရာရခဲ့သည်။

ကျဆုံးသူသည် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသက်(၂၀)ကျော်အရွယ် လူငယ်ရဲဘော်တစ်ဦးဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင်စစ်ကောင်စီဘက်ကလည်း ၅ဦးထက်မနည်းသေဆုံးသည်ဟု တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။