Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ လွတ်ငြိမ်းပေးမှု နိုင်ငံရေး ကစားကွက်ရွှေ့နေခြင်းသာဖြစ်ဟု နိုင်ငံရေးအကျဥ်းသားအချို့သုံးသပ်

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး” ဟု NUG ဝန်ကြီးက ဆိုသည်။

(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓါတ်ပုံရိုက်သူတစ်ဦးကိုစစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓါတ်ပုံ-AAMIJ)
(အင်းစိန်​ထောင်​ရှေ့တွင်ယ​နေ့နံနက်ပိုင်းကဓါတ်ပုံရိုက်သူတစ်ဦးကိုစစ်​ကောင်စီတပ်ကဖမ်းဆီး​နေစဥ်။ ဓါတ်ပုံ-AAMIJ)

▪︎လွတ်မြောက်လာသူများအတွက် ၀မ်းသာသော်လည်း ကျေးဇူးတင်ရန် တစက်မှမရှိဟု NUG ဝန်ကြီးပြော

နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးရာနယ်ပယ်များတွင် မျက်နှာပန်းမလှသည့် စစ်ကောင်စီသည် နိုင်ငံရေအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေး ကစားကွက်ရွှေ့နေကြောင်း နိုင်ငံရေးအကျဥ်းသားအချို့က သုံးသပ်ကြသည်။

အကြမ်းဖက်စစ်ကောင်စီသည် မူလကတည်းက အပြစ်မရှိသူများကို အမှုဆင်ကာ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အဆိုပါမတရားဖမ်းဆီးခံရသူများ လွတ်မြောက်လာသဖြင့် ၀မ်းသာသော်လည်း ကျေးဇူးတင်ရန် မရှိကြောင်း ပြီးခဲ့သည့်စစ်အစိုးရ၏ နှစ် ၂၀ နီးပါး အကျဥ်းချခံရသူ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

“စစ်ကောင်စီအတွက် နိုင်ငံတကာဖိအားကလည်း အရမ်းကြီးနေတော့ နိုင်ငံရေးရွှေ့ကွက်တစ်ကွက်၊ political activity လုပ်တဲ့သဘောပါ” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီ၏ လုပ်ဆောင်မှုကို ‘ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန်’ ဖြစ်ကြောင်းရှုမြင်သည်။

Public Service Announcement

Public Service Announcement

“ရွေးကောက်ပွဲလမ်းကြောင်းကို အရောင်တင်ဖို့အတွက် နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတဲ့အတွက် လွတ်လာတဲ့သူများအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်စရာ တစက်မှ မရှိဘူး” ဟု NUG ဝန်ကြီးက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ယခုလွတ်ငြိမ်းချမ်းသာခွင့်ပေးသူများကို ‘နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်’ ဟု စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခဲ့သည်။

“နောင်တခါကျူးလွန်ရင် ပြစ်ဒဏ်ကိုပေါင်းကျခံမယ်ဆိုတဲ့ နှောင်ကြိုးကိုလည်း မြင်အောင်ကြည့်စေချင်တယ်။ ဘာအထောက်အထားမှမရှိဘဲ မတရားအမှုဆင် စီရင်နေတဲ့ လက်ရှိအခြေအနေကိုလည်း မမေ့စေချင်ဘူး။ တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်မယ့် ရဲဘော်ရဲမေတွေမို့လို့ နှောင်ကြိုးနဲ့ ထိမ်းချုပ်တာတွေကို အသိတရားနဲ့ယှဥ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ ဖေ့စ်ဘုတ်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် နိုင်ငံခြားသား လေးဦးအပါအဝင် စုစုပေါင်း ၅၇၇၄ ဦးကို ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook