Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှတောစခန်းမှထွက်လာသည့် စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Black Wolf Pdfအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Black Wolf
Black Wolf Pdfအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Black Wolf

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ လှတောရဲစခန်းမှထွက်လာသည့် စစ်အုပ်စုအား ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း BLACK WOLF PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၇ ရက်) နံနက် ၇ နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးအား ဒိုင်ကွင်းရှေ့အရောက်တွင် ပြင်းအားလွန်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်ရေးကို BLACK WOLF PDF နှင့် လှတော(ပကဖ) ပင်လယ်မုန်တိုင်း အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာအတွင်းက ကျဆုံးခဲ့သော BLACK WOLF PDF အဖွဲ့ဝင် ရဲဘော်လေးဦး၏ကိုယ်စား တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLACK WOLF PDF အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးစစ်သားအလောင်းနှင့် ဒဏ်ရာရရှိသူများအား ကားဖြင့်လာရောက်တင်ဆောင်သွားကြောင်းသိရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းမိုင်းခွဲခံရသောအဖွဲ့က အနီးအနားရှိရွာများအား လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း နယ်ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။