Connect with us

Hi, what are you looking for?

သတင်း

လှတောစခန်းမှထွက်လာသည့် စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Black Wolf Pdfအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Black Wolf
Black Wolf Pdfအဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Black Wolf

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ လှတောရဲစခန်းမှထွက်လာသည့် စစ်အုပ်စုအား ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း BLACK WOLF PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(နိုဝင်ဘာလ ၁၇ ရက်) နံနက် ၇ နာရီခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးအား ဒိုင်ကွင်းရှေ့အရောက်တွင် ပြင်းအားလွန်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ဆင်ရေးကို BLACK WOLF PDF နှင့် လှတော(ပကဖ) ပင်လယ်မုန်တိုင်း အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာအတွင်းက ကျဆုံးခဲ့သော BLACK WOLF PDF အဖွဲ့ဝင် ရဲဘော်လေးဦး၏ကိုယ်စား တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BLACK WOLF PDF အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးစစ်သားအလောင်းနှင့် ဒဏ်ရာရရှိသူများအား ကားဖြင့်လာရောက်တင်ဆောင်သွားကြောင်းသိရသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းမိုင်းခွဲခံရသောအဖွဲ့က အနီးအနားရှိရွာများအား လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း နယ်ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။