Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး

အဲဒီ လမ်းကို ဒီမနက်ပိုင်း စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းဖို့ရှိတဲ့အတွက် လုံခြုံရေးချထားတဲ့ကြားကနေ ပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။

မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး
မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး

ဒီနေ့မနက်ပိုင်း မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အနီး ဗုံးပေါက်ကွဲရာ ကျောက်သမား ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ၃၅ လမ်း ၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

အဲဒီ လမ်းကို ဒီမနက်ပိုင်း စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းဖို့ရှိတဲ့အတွက် လုံခြုံရေးချထားတဲ့ကြားကနေ ပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။

မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး
မန္တလေး မြတောင်ကျောင်းတိုက်အနီး ဗုံးကွဲလို့ အရပ်သား ၁ ဦးသေဆုံး

ပေါက်ကွဲမှုကြောင့် လမ်းဘေးဆိုင်မှာ ထိုင်နေသူ အသက် ၆၀ အရွယ် အမျိုးသား ဗုံးစမှန်ပြီး သေဆုံးသွားသလို လမ်းဘေးရပ်ထားတဲ့ကားလည်း ထိခိုက်သွားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အရပ်သားကျောက်သမားဖြစ်တယ်လို့သိရပါတယ်။

ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ဟာ လမ်းတလျောက်ဖြတ်သန်းသွားလာသူတွေကို စောင့်ကြည့်စစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။