Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် ဘုန်းကြီးကျောင်းဝင်းအတွင်းအရက် သောက်နေသည့်စစ်အုပ်စုအား ဗုံးထုတိုက်ခိုက်ရာ လေးဦးသေဟုဆို

နိုဝင်ဘာ၁၆ရက်နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ဝါစက်ဝင်း၌ ကင်ပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်အုပ်စုအား တိုက်ခိုက်ခဲ့သော လက်ပစ်ဗုံး၊ဓာတ်ပုံ-Cj
စစ်အုပ်စုအား တိုက်ခိုက်ခဲ့သော လက်ပစ်ဗုံး၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်၌ ဘုန်းကြီးကျောင်းဝင်းအတွင်း အရက်သောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ည ၇ နာရီ ၁၀မိနစ်ခန့်က မြင်းမူမြို့၊ လေသာဘုန်းကြီးကျောင်းဝင်းအတွင်း ညာဘက်ထောင့်တွင် ထိုင်ပြီး အရက်သောက်နေသည့် စစ်ကောင်စီတပ်သား ခြောက်ဦးကို Zero ပြောက်ကျားတပ်ဖွဲ့နှင့် True Fighter အဖွဲ့တို့ပူးပေါင်းကာ လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement
Public Service Announcement

“လက်ပစ်ဗုံးတစ်လုံးတည်း ပစ်တာပါ။ ပြင်းပါတယ်။ အော်ရဂျင်နယ်ဗုံးတွေပါ။ မင်းဂွတ်သီးလို့လည်းခေါ်တယ်။ တစ်လုံးဆိုသေတယ်ငါးကောင်လောက်ကတော့။”ဟု ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီဘက်က ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊တပ်ရင်း(၇)မြင်းခြံခရိုင်နှင့် True Fighter တပ်ခွဲ (၃)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

နိုဝင်ဘာ၁၆ရက်နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ဝါစက်ဝင်း၌ ကင်ပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။