Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကံတော်ရွာမှ ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်ပကဖအဖွဲ့ဝင်များအား တွေ့ရစဥ်)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် မြိုင်ပကဖအဖွဲ့ဝင်များအား တွေ့ရစဥ်)

ဒေသခံပြည်သူ ၃၀ကျော် ဖမ်းဆီးရပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်းနှင့် စစ်ကားနှစ်စီးအား နှစ်ကြိမ်တိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ​ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်) ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပခုက္ကူမြို့ဘက်မှ ထွက်လာသောအင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ခြေလျင်စစ်ကြောင်းအား ကံတော်ရွာနှင့် ကန်ရပ်ရွာလမ်းဆုံတွင် မိုင်းပွိုင့် (၉)လုံးဖြင့် တိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင်(ပကဖ)အဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကံတော်ရွာမှ ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

“၁၇ ရက်နေ့က ဒီကောင်တွေ ကမ္မဘက်ကနေ ပခုက္ကူဘက်ဖြတ်တာရှိတယ်။ နေ့ခင်းပိုင်းမှာ ကားနှစ်စီးနဲ့ ခြေလျင်နဲ့လာတဲ့အဖွဲ့ကို ဒရုန်းနဲ့လိုက်ချတာ။ ထိခိုက်သေဆုံးမှုမရှိလို့ မတင်ဘူး။ အဲဒီနေရာကိုပဲ ၁၈ ရက်နေ့မှာ ခြေလျင်စစ်ကြောင်းနဲ့ ရှင်းလင်းရေးလာတဲ့အဖွဲ့ကို မိုင်း၉လုံးနဲ့ဆွဲတာပါ။”ဟု ကိုလက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ၃၀ ကျော်ကိုဖမ်းပြီး လူသားဒိုင်းပုံစံနဲ့ ရှေ့ကသွားခိုင်းပြီး စစ်ကြောင်းထိုးနေတယ်။”ဟုဒေသခံတစ်ဦးက ပြောသည်။

ညနေ ၅ နာရီခန့်ကလည်း မြိုင်မြို့အနောက်ဘက် (၄)ဖာလုံခန့်အကွာ ကြောင်ကန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်၊ ရဲနှင့်ပျူများသည် ကားကြီးနှစ်စီးဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့သည်။

အဆိုပါ ကားနှစ်စီးကို မိုင်းပွိုင့် အကြီးနှစ်ခု၊ မိုင်း၃လုံးဖြင့်တိုက်ခိုက်ရာ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကိုလက်ယျာက ပြောသည်။

ထို့အပြင် ရဲဘော်များ အထိအခိုက်မရှိသော်လည်း စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေနတ်ရှပ်ထိခဲ့ပြီး ဒဏ်ရာမစိုးရိမ်ရဟုဆိုသည်။

စစ်အုပ်စုအား ဆက်လက်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများကာကွယ်ရေးတပ်ဖွဲ့များ၏ သတိပေးချက်များအား လိုက်နာရန်လိုအပ်ကြောင်း မြိုင်(ပကဖ)အဖွဲ့က ထပ်မံသတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ကြားက အာဇာနည်နေ့ အခမ်းအနားကို တော် လှန်ရေးအင်အားစုတွေ ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။