Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာဝန်ရှိသူ တိုက်တွန်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာ၀န်ရှိသူ တိုက်တွန်း
စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာ၀န်ရှိသူ တိုက်တွန်း

မြန်မာစစ်ကောင်စီနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများကို စီးပွားရေးဆိုင်ရာပိတ်ဆို့ဒဏ်ခတ်မှုလုပ်ဆောင်ရန် တောင်ကိုရီးယားအစိုးရကို ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူက တိုက်တွန်းသည်။

ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမက်စ်အန်ဒရူးစ်သည် ယမန်နေ့တွင် ၎င်း၏ ၆ ရက်ကြာ တောင်ကိုရီးယားခရီးစဥ်ပြီးဆုံးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လူ့အခွင့်အရေးလေးစားမှုနှင့် လုံ့လစိုက်ထုတ်မှုတို့က နိုင်ငံအတွင်းလည်ပတ်နေသော တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများ၏ အဓိကအစိတ်အပိုင်းများဖြစ်သည်ကို အာမခံရန် အစိုးရတာ၀န်ရှိသူများကို တောင်းဆိုခဲ့သည်။

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

ထို့အတွက် စစ်ကောင်စီ၏ ဝင်ငွေရလမ်းနှင့် လက်နက်ရရှိမှုများကို ဖြတ်တောက်ခြင်းအပါအဝင် မြန်မာပြည်သူများကို အားပေးကူညီရေးတွင် ခိုင်မာသော၊ မဟာဗျူဟာကျသော ပူးပေါင်းအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် အန်ဒရူးစ်က ဆက်လက်တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ယူကရိန်းကျူးကျော်စစ်တွင် ရုရှားနှင့် ရုရှားကုမ္ပဏီများအပေါ် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွင် တောင်ကိုရီးယားအစိုးရ၏ ပူးပေါင်းပါဝင်မှုကို ရည်ညွှန်းကာ အထူးအစီရင်ခံစာ တင်သွင်းသူက စစ်ကောင်စီထံ ငွေကြေးစီးဝင်မှုများကို ဖြတ်တောက်ရန်နှင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို အလားတူအရေးယူဆောင်ရွက်သင့်ကြောင်း ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆိုးလ်သို့ရောက်ရှိခဲ့သော ကုလအထူးအစီရင်ခံစာတင်သွင်းသူသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအကြပ်အတည်းဖြေရှင်းရာတွင် တောင်ကိုရီးယားအစိုးရ ပါဝင်နိုင်သည့်အခန်းကဏ္ဍကို ဆွေးနွေးရန် အစိုးရတာ၀န်ရှိသူများ၊ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၏ အကြီးအကဲများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကိုးကား – KBS

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။