Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာဝန်ရှိသူ တိုက်တွန်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာ၀န်ရှိသူ တိုက်တွန်း
စစ်ကောင်စီနှင့်ဆက်နွှယ်သော စီးပွားရေးလုပ်ငန်းများကို အရေးယူရန် တောင်ကိုရီးယားအစိုးရအား ကုလတာ၀န်ရှိသူ တိုက်တွန်း

မြန်မာစစ်ကောင်စီနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများကို စီးပွားရေးဆိုင်ရာပိတ်ဆို့ဒဏ်ခတ်မှုလုပ်ဆောင်ရန် တောင်ကိုရီးယားအစိုးရကို ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူက တိုက်တွန်းသည်။

ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမက်စ်အန်ဒရူးစ်သည် ယမန်နေ့တွင် ၎င်း၏ ၆ ရက်ကြာ တောင်ကိုရီးယားခရီးစဥ်ပြီးဆုံးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လူ့အခွင့်အရေးလေးစားမှုနှင့် လုံ့လစိုက်ထုတ်မှုတို့က နိုင်ငံအတွင်းလည်ပတ်နေသော တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများ၏ အဓိကအစိတ်အပိုင်းများဖြစ်သည်ကို အာမခံရန် အစိုးရတာ၀န်ရှိသူများကို တောင်းဆိုခဲ့သည်။

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

ထို့အတွက် စစ်ကောင်စီ၏ ဝင်ငွေရလမ်းနှင့် လက်နက်ရရှိမှုများကို ဖြတ်တောက်ခြင်းအပါအဝင် မြန်မာပြည်သူများကို အားပေးကူညီရေးတွင် ခိုင်မာသော၊ မဟာဗျူဟာကျသော ပူးပေါင်းအရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် အန်ဒရူးစ်က ဆက်လက်တောင်းဆိုသည်။

Public Service Announcement

Public Service Announcement

ယူကရိန်းကျူးကျော်စစ်တွင် ရုရှားနှင့် ရုရှားကုမ္ပဏီများအပေါ် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွင် တောင်ကိုရီးယားအစိုးရ၏ ပူးပေါင်းပါဝင်မှုကို ရည်ညွှန်းကာ အထူးအစီရင်ခံစာ တင်သွင်းသူက စစ်ကောင်စီထံ ငွေကြေးစီးဝင်မှုများကို ဖြတ်တောက်ရန်နှင့် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုများကို အလားတူအရေးယူဆောင်ရွက်သင့်ကြောင်း ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆိုးလ်သို့ရောက်ရှိခဲ့သော ကုလအထူးအစီရင်ခံစာတင်သွင်းသူသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအကြပ်အတည်းဖြေရှင်းရာတွင် တောင်ကိုရီးယားအစိုးရ ပါဝင်နိုင်သည့်အခန်းကဏ္ဍကို ဆွေးနွေးရန် အစိုးရတာ၀န်ရှိသူများ၊ ဒေသဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၏ အကြီးအကဲများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကိုးကား – KBS

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။