Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့မှ ကလေးမိခင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်၁၀နှစ် မတရားချမှတ်

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဆရာမ ဒေါ်ဟန်နီစုကြည်အား တွေ့ရစဉ်
ဆရာမ ဒေါ်ဟန်နီစုကြည်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်း တမူးမြို့မှ ကလေးမိခင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်(၁)နှစ်ခန့်အကြာတွင် ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်လိုက်သည်။

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဖမ်းပြီး ၁နှစ်ပြည့်ကာနီးမှာ အမိန့်ချတာ။ ၁၀နှစ်ချတာ။ သူ့မှာ အသက်(၉)နှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်။ သူက ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်ပါ”ဟု ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

အသက် (၃၀)ဝန်းကျင်ခန့် ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီတပ်က ၂၀၂၁နိုဝင်ဘာ ၂၃ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံ ငွေကြေးထောက်ပံ့ သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ယနေ့(နိုဝင်ဘာ ၂၁ရက်)တွင် ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

တမူးမြို့တွင် ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်အပါအဝင် စစ်ကောင်စီကမတရားဖမ်းဆီးသူများကို အမိန့်ချနေသူမှာ လက်ရှိ ခရိုင်တရားသူကြီး ဦးလှဦးဖြစ်သည်ဟု တမူးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။