Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကြောင်းထိုးမီးရှို့နေသည့် စစ်ကောင်စီတပ်ကို မဟာမိတ်များတိုက်ခိုက်

ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ်၏ အလောင်းခုနစ်လောင်းထက်မနည်း အလောင်းဖျောက် မီးရှို့ထားခဲ့သည်ကို တွေ့ရပြီး ဒဏ်ရာရသူများကိုမူ ခင်ဦးမြို့ပေါ်ရဲစခန်းသို့ ဆေးကုသရန် ပြန်သယ်သွားကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

▪️စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်းသေဆုံးနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများအား ငါးရက်ဆက်စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ဒေသတွင်းမဟာမိတ်အဖွဲ့များက လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စုဝင် ခုနစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Khin U Special Force Organization-KSO အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ၁၇ ရက်ကစ၍ ယနေ့ (နိုဝင်ဘာ၂၁ရက်) အထိ အင်အား၈၀ကျော်ဖြင့် ခင်ဦးအနောက် တောင် ခြမ်း ကျေးရွာများအား စစ်ကြောင်းထိုးကာ ပေါင်းလဲကုန်းရွာ၊လိပ်ရကုန်းရွာ၊ လက်ပံကြီး ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

အဆိုပါစစ်ကြောင်းအား KSOတပ်ဖွဲ့နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ၂ဆင့်ကွဲ လက်လုပ်ပြောင်းများ၊ တိုက်မိုင်းများ၊ဆွဲမိုင်းများဖြင့် ၁၀ကြိမ်ထက်မနည်း လိုက်လံတိုက်ခိုက်ခဲ့ကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ်၏ အလောင်းခုနစ်လောင်းထက်မနည်း အလောင်းဖျောက် မီးရှို့ထားခဲ့သည်ကို တွေ့ရပြီး ဒဏ်ရာရသူများကိုမူ ခင်ဦးမြို့ပေါ်ရဲစခန်းသို့ ဆေးကုသရန် ပြန်သယ်သွားကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

“ကျေးရွာတစ်ရွာမှာ သူတို့ဒဏ်ရာရတယ်။ ပတ်တီးတွေနဲ့ခွဲတာတွေ၊ ဆေးထိုးအပ်တွေလည်း တွေ့တယ်။ ဆေးတွေကြောင့် လူတွေရဲ့သာမန်အားမဟုတ်ဘဲ ဆေးကြောင့်သာ နေ့စဥ်ရက်ဆက်ခြေလျင်စစ်ကြောင်းထိုးနေတာ။ သူတို့ဘက်က အလောင်းတွေဖျောက်ထားတာတွေလည်းတွေ့တယ်”ဟု KSO အဖွဲ့ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO
စစ်ကောင်စီတပ်ဒဏ်ရာရပြီးနောက် အသုံးပြုစွန့်ပစ်ခဲ့သည့်ပစ္စည်းများနှင့် အလောင်းများအား မီးရှို့ဖျက်ဆီးသွားသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ-KSO

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း၂ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ်ပေါင်း ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

Public Service Announcement

Public Service Announcement

ပေါင်းလဲကုန်းကျေးရွာနေ ပြည်သူနှစ်ဦး၊ ရွှေဘိုနယ် လိပ်ရကုန်းရွာနေ ဒေသခံ လေးဦးတို့အား ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်သွားခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ် ကိုခုခံတိုက်ခိုက်ခဲ့သည့် PDFရဲဘော်နှစ်ဦး မိုင်းမတော်တဆမှုကြောင့်ကျဆုံးခဲ့သည်။