Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ပြောက်ကျားအဖွဲ့ YUAဦးဆောင်သူအမည်အသုံးပြုပြီး ငွေလိမ်လည်တောင်းခံနေ

YUA အနေဖြင့် မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည့် စစ်ဆင်ရေးများကို အကြောင်းပြ ၍ အလှူခံသည့် အဖွဲ့များကို ဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။

ရန်ကုန်ပြောက်ကျားအဖွဲ့ YUAဦးဆောင်သူအမည်အသုံးပြုပြီး ငွေလိမ်လည်တောင်းခံနေ
ရန်ကုန်ပြောက်ကျားအဖွဲ့ YUAဦးဆောင်သူအမည်အသုံးပြုပြီး ငွေလိမ်လည်တောင်းခံနေ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association အဖွဲ့ဦးဆောင်သူများ၏အမည်ကို အလွဲသုံးစားပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများရှိကြောင်း ယင်းအဖွဲ့၏တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“ကျွန်တော်တို့က မြေပြင်မှာ တကယ်မရှိဘဲလုပ် နေသူတွေကို ရှေ့မှာတောက်လျှောက် ဖော်ထုတ် လာတာ ။ အချိန်တန်ရင်တော့ ပျောက်သွားမှာပါ။ ဒီ့ထက်မကြီးထွားလာစေချင်ဝာာပါ”ဟု ၎င်းကပြောသည်။

Thar Min အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက YUA ကပြုလုပ်ထားသည့် မစ်ရှင်များကိုပြကာ ဆရာကျောင်း၏ အမည်ကို အသုံးချ၍ မစ်ရှင်အတွက် အလှူငွေကောက်ခံသည့် အကြောင်းကို Screen Shot များတင်၍ YUA ကအသိပေးထားသည်။

“အကောင်းဆုံးအကြံပေးချင်တာကတော့ ကိုယ်ယုံကြည်ရတဲ့ ကြားခံလူတစ်ယောက်ယောက် သို့မဟုတ် ကိုယ်ယုံကြည်ရတဲ့ အဖွဲ့အစည်းကတစ်ဆင့် စီးဆင်းတာ အကောင်းဆုံးလို့မြင်ပါတယ်။ နောက်တစ်ခုက UG တွေတော်တော်များများကလည်း Fun Team တွေနဲ့ အချိတ်အဆက်ရှိပါတယ်။ပြီး‌တော့ တစ်နှစ်ကျော်လာတဲ့ကာလမှာလည်း ကိုယ်ကိုယ်တိုင်လည်း အတိုင်းအတာတစ်ခုအထိ Income အရ ကိုယ့်ကိုအမာခံထောက်ပံ့ပေးတဲ့သူရှိလို့သာရပ်တည်နိုင်လို့ရ‌နေတာပါ။ တချို့မပြည့် စုံဘူးဆိုတာမှန်ပေမယ့် တချို့အလွယ်လုပ်နေတာတွေကို မယုံကြည်ဖို့ပြောချင်တာပါ”ဟု ဆရာကျောင်းက အကြံပြုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယခုနောက်ပိုင်း၌ အလှူငွေတောင်းခံခြင်းနှင့်ပတ်သက်၍ မြေပြင်တွင် အမှန်တကယ်မရှိသည့် စစ်ဆင်ရေးများကို ပြကာ ဈေးကွက်ဆန်ဆန်လုပ်ဆောင်မှူများရှိနေသောကြောင့် အမှန်တကယ်လုပ်ဆောင်နေသည့်အဖွဲ့အစည်းများကို ထောက်ပံ့ရန် ၎င်းက ဆိုသည်။

YUA အနေဖြင့် မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည့် စစ်ဆင်ရေးများကို အကြောင်းပြ ၍ အလှူခံသည့် အဖွဲ့များကို ဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဇန်နဝါရီအတွင်း စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး မတရားဖမ်းဆီးခံရသူ ၇၈ဦးရှိတယ်လို့ Rangoon Scout Network (RSN)က ဖော်ပြထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားကျေးရွာမှာပြုလုပ်တဲ့ ကရင်နှစ်သစ်ကူးတော်လာရောက်တဲ့သူများပြားတာကြောင့် ကလေးငယ်တွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီထံက သိရပါတယ်။

သတင်း

ဩဂုတ်လအတွင်း ရန်ကုန်မြို့၌ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၀ ကျော်ရှိကြောင်း ရန်ကုန် မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် Rangoon Scout Network ကထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ် ၇ ခုတွင် တစ်ပတ်အတွင်းစစ်‌ ကောင်စီ၏ ဖမ်းဆီးခံရသူ ၂၇ ဦးရှိကြောင်းရန်ကုန်မြို့တွင်စစ်​​ကောင်စီကဖမ်းဆီး​နေ​သောမြေပြင်သတင်းများကိုစုစည်းဖော်ပြနေသည့် Rangoon Scout Networkကထုတ်ပြန်သည်။