Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်ပြောက်ကျားအဖွဲ့ YUAဦးဆောင်သူအမည်အသုံးပြုပြီး ငွေလိမ်လည်တောင်းခံနေ

YUA အနေဖြင့် မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည့် စစ်ဆင်ရေးများကို အကြောင်းပြ ၍ အလှူခံသည့် အဖွဲ့များကို ဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။

ရန်ကုန်ပြောက်ကျားအဖွဲ့ YUAဦးဆောင်သူအမည်အသုံးပြုပြီး ငွေလိမ်လည်တောင်းခံနေ
ရန်ကုန်ပြောက်ကျားအဖွဲ့ YUAဦးဆောင်သူအမည်အသုံးပြုပြီး ငွေလိမ်လည်တောင်းခံနေ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon UG Association အဖွဲ့ဦးဆောင်သူများ၏အမည်ကို အလွဲသုံးစားပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများရှိကြောင်း ယင်းအဖွဲ့၏တာဝန်ခံ ဆရာကျောင်းက ပြောသည်။

“ကျွန်တော်တို့က မြေပြင်မှာ တကယ်မရှိဘဲလုပ် နေသူတွေကို ရှေ့မှာတောက်လျှောက် ဖော်ထုတ် လာတာ ။ အချိန်တန်ရင်တော့ ပျောက်သွားမှာပါ။ ဒီ့ထက်မကြီးထွားလာစေချင်ဝာာပါ”ဟု ၎င်းကပြောသည်။

Thar Min အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူက YUA ကပြုလုပ်ထားသည့် မစ်ရှင်များကိုပြကာ ဆရာကျောင်း၏ အမည်ကို အသုံးချ၍ မစ်ရှင်အတွက် အလှူငွေကောက်ခံသည့် အကြောင်းကို Screen Shot များတင်၍ YUA ကအသိပေးထားသည်။

“အကောင်းဆုံးအကြံပေးချင်တာကတော့ ကိုယ်ယုံကြည်ရတဲ့ ကြားခံလူတစ်ယောက်ယောက် သို့မဟုတ် ကိုယ်ယုံကြည်ရတဲ့ အဖွဲ့အစည်းကတစ်ဆင့် စီးဆင်းတာ အကောင်းဆုံးလို့မြင်ပါတယ်။ နောက်တစ်ခုက UG တွေတော်တော်များများကလည်း Fun Team တွေနဲ့ အချိတ်အဆက်ရှိပါတယ်။ပြီး‌တော့ တစ်နှစ်ကျော်လာတဲ့ကာလမှာလည်း ကိုယ်ကိုယ်တိုင်လည်း အတိုင်းအတာတစ်ခုအထိ Income အရ ကိုယ့်ကိုအမာခံထောက်ပံ့ပေးတဲ့သူရှိလို့သာရပ်တည်နိုင်လို့ရ‌နေတာပါ။ တချို့မပြည့် စုံဘူးဆိုတာမှန်ပေမယ့် တချို့အလွယ်လုပ်နေတာတွေကို မယုံကြည်ဖို့ပြောချင်တာပါ”ဟု ဆရာကျောင်းက အကြံပြုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ယခုနောက်ပိုင်း၌ အလှူငွေတောင်းခံခြင်းနှင့်ပတ်သက်၍ မြေပြင်တွင် အမှန်တကယ်မရှိသည့် စစ်ဆင်ရေးများကို ပြကာ ဈေးကွက်ဆန်ဆန်လုပ်ဆောင်မှူများရှိနေသောကြောင့် အမှန်တကယ်လုပ်ဆောင်နေသည့်အဖွဲ့အစည်းများကို ထောက်ပံ့ရန် ၎င်းက ဆိုသည်။

YUA အနေဖြင့် မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည့် စစ်ဆင်ရေးများကို အကြောင်းပြ ၍ အလှူခံသည့် အဖွဲ့များကို ဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးမှု ကြောင့် ဆန္ဒပြ လူငယ် ၂ ဦးသေဆုံးပြီး လူငယ်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း မီဒီယာများကဖော်ပြသည်။စစ်ကောင်စီကမူ ၂ ဦးဒဏ်ရာရရှိပြီး စုစုပေါင်း ၄ ဦးကိုဖမ်းဆီးခဲ့ကြောင်းဝါဒဖြန့်ခဲ့သည်။

သတင်း

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မရမ်းကုန်းမြို့နယ် အောင်သပြေရဲဝင်းရှေ့၊ ကျိုက်ဝိုင်းဘုရားအနီးနှင့် သမိုင်းလမ်းဆုံတို့တွင် လမ်းများပိတ်ဆို့၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။

သတင်း

လူငယ်များက အကျီအနက်ပေါ်တွင် ရှစ်လေးလုံး စာသားကို ရေးသား၍ ဆူးလေ ခုံးကျော်တံတားပေါ်၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။