Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ – ဝေါ်လေလမ်းရှိ ခမရ(၁၀၂)တပ်ကို ညအချိန် ဒရုန်းဖြင့်ဗုံးကြဲရာ စစ်ကောင်စီတပ် ၈ဦးသေ၊ တပ်ရင်းမှူးအပါအဝင် ၁၅ဦးခန့် ဒဏ်ရာရ

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်ကျော်စွာဟိန်း(ခ) ကျော်ကြီး ၊ ရဲဘော် နော်အဲ့မူး၊ ရဲဘော်သီတာအေးတို့သည် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings

▪️ကော်ဘရာစစ်သည် သုံးဦးကျဆုံးပြီးနောက် စစ်ကောင်စီကို တန်ပြန်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းနှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – Federal Wings

မြဝတီ-ဝေါလေလမ်းပိုင်း ဘလက်ဒိုရွာအနီးရှိ စခန်းချနေသည့် ခမရ (၁၀၂) စစ်ကောင်စီတပ် အား Cobra Column ဦးဆောင်မှုဖြင့် KNDO တပ်ရင်း (၈)တပ်ဖွဲ့ဝင်များ ၊ ရောင်နီဒရုန်းတပ်ဖွဲ့ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့များမှ နိုဝင်ဘာ ၂၂ရက် ညနေပိုင်းမှစ၍ ညသန်းခေါင်ယံအထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – Federal Wings

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးပြီး တပ်ရင်းမှူး ဗိုလ်မှူးဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း စစ်မြေပြင် သတင်းများအရ သိရသည်ဟု Federal Wings တပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးတွင် ပျံသန်းတိုက်ခိုက်မှု (၁၂)ကြိမ်တွင် ဗုံးသီးမျိုးစုံ ၃၇လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – Federal Wings

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်ကျော်စွာဟိန်း(ခ) ကျော်ကြီး ၊ ရဲဘော် နော်အဲ့မူး၊ ရဲဘော်သီတာအေးတို့သည် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည်။

ထိုသို့ ကျဆုံးခဲ့သည့် ညနေပိုင်းမှစ၍ ကော်ဘရာ ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းက စစ်ကောင်စီတပ်ကို စစ်ကောင်စီတပ်ကို ညပိုင်းစစ်ဆင် ရေးဆင်နွှဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။