Connect with us

Hi, what are you looking for?

သတင်း

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ

ဖမ်းဆီးတရားစွဲခံသူငါးဦးလုံးဟာ တရားရုံးမှာ ဥပဒေပါ အခွင့်အရေးအရ ခုခံချေပခွင့်မပေးဘဲ တဖက်သတ် ထောင်ဒဏ် သုံး နှစ်စီချမှတ်ခံရတယ်လို့လည်းဆိုထားပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ
မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဖမ်းဆီးခံရတဲ့ မန္တလေးသပိတ်အင်အားစုတွေရဲ့ ဆရာတော် တစ်ပါးနဲ့လူငယ် လေးဦးကို နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင် သုံးနှစ်စီချလိုက်တယ်လို့သိရပါတယ်။

ထောင်ချခံရသူတွေဟာ မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာ‌တော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ သပိတ်တတ်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တိုဖြစ်ပါတယ်။

သူတို့ ငါးဦးကို မနေ့က နိုဝင်ဘာလ ၂၄ ရက်မှာ ထောင် သုံး နှစ်စီချလိုက်တာလို့ သံဃသမဂ္ဂ (မန္တလေး ) ကလည်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးတရားစွဲခံသူငါးဦးလုံးဟာ တရားရုံးမှာ ဥပဒေပါ အခွင့်အရေးအရ ခုခံချေပခွင့်မပေးဘဲ တဖက်သတ် ထောင်ဒဏ် သုံး နှစ်စီချမှတ်ခံရတယ်လို့လည်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးက ရှေ့နေ ငှါးခွင့် ၊ ခုခံချေပခွင့်မပေးဘဲ အမိန့်ချတာဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့လည်း သံဃသမဂ္ဂ (မန္တလေး ) ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။