Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ

ဖမ်းဆီးတရားစွဲခံသူငါးဦးလုံးဟာ တရားရုံးမှာ ဥပဒေပါ အခွင့်အရေးအရ ခုခံချေပခွင့်မပေးဘဲ တဖက်သတ် ထောင်ဒဏ် သုံး နှစ်စီချမှတ်ခံရတယ်လို့လည်းဆိုထားပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ
မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ငါး ဦးကို ထောင် သုံး နှစ်စီချ

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဖမ်းဆီးခံရတဲ့ မန္တလေးသပိတ်အင်အားစုတွေရဲ့ ဆရာတော် တစ်ပါးနဲ့လူငယ် လေးဦးကို နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့ ထောင် သုံးနှစ်စီချလိုက်တယ်လို့သိရပါတယ်။

ထောင်ချခံရသူတွေဟာ မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာ‌တော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီး၊ မန္တလေး သပိတ်အင်အားစုမှ သပိတ်တတ်ကြွလှုပ်ရှားသူ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တိုဖြစ်ပါတယ်။

သူတို့ ငါးဦးကို မနေ့က နိုဝင်ဘာလ ၂၄ ရက်မှာ ထောင် သုံး နှစ်စီချလိုက်တာလို့ သံဃသမဂ္ဂ (မန္တလေး ) ကလည်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးတရားစွဲခံသူငါးဦးလုံးဟာ တရားရုံးမှာ ဥပဒေပါ အခွင့်အရေးအရ ခုခံချေပခွင့်မပေးဘဲ တဖက်သတ် ထောင်ဒဏ် သုံး နှစ်စီချမှတ်ခံရတယ်လို့လည်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးက ရှေ့နေ ငှါးခွင့် ၊ ခုခံချေပခွင့်မပေးဘဲ အမိန့်ချတာဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ အခြေခံလူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့လည်း သံဃသမဂ္ဂ (မန္တလေး ) ရဲ့ထုတ်ပြန်ချက်မှာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။