Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ပြည်ပသို့ကြက်သွန်နီအလွန်အကျွံတင်ပို့နေခြင်းကြောင့် ပြည်တွင်း၌တစ်ပိဿာကျပ် ၅၀၀၀ခန့်ရှိလာ

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြခြင်းဖြစ်ပြီး နှစ်စဉ် တန်ချိန် ဆယ်သိန်းနီးပါးထွက်ရှိလေ့ရှိသည်။

(ကြက်သွန်နီသည် ဆန်ကဲ့သို့မဟာဗျူဟာစား​သောက်ကုန်မဟုတ်​သော်လည်း ပြည်တွင်း၌ သုံးစွဲမှုများပြား​၍အ​ရေးကြီး​သောသီးနှံဖြစ်သည်။ ဓါတ်ပုံ- MBD)
(ကြက်သွန်နီသည် ဆန်ကဲ့သို့မဟာဗျူဟာစား​သောက်ကုန်မဟုတ်​သော်လည်း ပြည်တွင်း၌ သုံးစွဲမှုများပြား​၍အ​ရေးကြီး​သောသီးနှံဖြစ်သည်။ ဓါတ်ပုံ- MBD)

အာဏာသိမ်းစစ်ကောင်စီက ကြက်သွန်နီကို ပြည်ပသို့ အလွန်အကျွံတင်ပို့နေခြင်းကြောင့် ပြည်တွင်းကြက်သွန်နီ ဈေးမြင့်တက်လာပြီး တပိဿာကို ကျပ် ၅၀၀၀ ခန့်အထိ စံချိန်တင်မြင့်တက်နေကြောင်း ကုန်သည်များကပြောသည်။

​နိုင်ငံခြား​ငွေအသဲအသန်လိုအပ်နေ​သောစစ်ကောင်စီကကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ အပါတ်စဉ် တင်ပို့နေခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီရှားပါးလာကာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

စစ်ကောင်စီက နယ်စပ်စခန်းများမှတဆင့်ထိုင်းနိုင်ငံသို့တစ်ပါတ်လျှင် ကြက်သွန်နီတန်ချိန် ၁၀၀ ကျော်နှင့် ဗီယက်နမ်နိုင်ငံသို့ တပါတ်လျှင် တန်ချိန် ၃၀ခန့်တင်ပို့နေသည်။ ထိုင်းနိုင်ငံက မြန်မာ့ကြက်သွန်နီကိုတစ်တန်လျှင်ဘတ် လေးသောင်းခွဲအထိပေးယူဝယ်ယူနေသည်ဟုနယ်စပ်မှ ကုန်သည်များက​ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာ့ကြက်သွန်နီကိုပုံမှန်ဝယ်ယူနေခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံကမူယခုနှစ်တွင်မှဝယ်ယူလာခြင်းသည်။ ထိုင်းနိုင်ငံမှလည်းယခုနှစ်တွင်မှ ပိုမိုဝယ်ယူလာခြင်း​ကြောင့် ပြည်တွင်း၌ကြက်သွန်နီရှားပါးလာပြီး​ဈေးဆက်တိုက်တက်လာသည်။

Public Service Announcement

Public Service Announcement

“အရင်က ကြက်သွန်နီတပိဿာမှ ၈၀၀-၁၀၀၀ ကနေ၊ အခု ၅၀၀၀လောက်ကို ဈေးက မတရားတက်သွားတာ”ဟု ရန်ကုန်မြို့မှပြည်သူတစ်ဦးကပြောသည်။

ပြည်တွင်း၌ ၂၀၂၂ မေလတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့်သာရှိခဲ့သည်ဟုကုန်သည်များက​ပြောသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြခြင်းဖြစ်ပြီး နှစ်စဉ် တန်ချိန် ဆယ်သိန်းနီးပါးထွက်ရှိလေ့ရှိသည်။

စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကိုပြည်တွင်း၌စားသုံးနေခြင်းဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းဖြစ်သည့် တန်ချိန် နှစ် သိန်းခန့်ကို ပြည်ပ တင်ပို့နေခြင်းဖြစ်သည်။

စစ်ကောင်စီက ၂၀၂၁ခုနှစ်မှာ ကြက်သွန်နီ တန်ချိန် နှစ် သိန်းခန့်ကို ပြည်ပကို တင်ပို့ခဲ့သည်။ ကုန်သွယ်​မှုနှင့် ပြည်ပရင်းနှီးမြှပ်နှံမှု​လျော့ကျသွားပြီး ​ဒေါ်လာအရနည်းလာသဖြင့်စစ်​ကောင်စီက နိုင်ငံတစ်ဝန်းပြည်သူများ၏ ခုခံစစ်ပွဲများတွင် တိုက်ခိုက်ရန် ​လေယာဥ်ဆီအပါအဝင် လက်နက်ခဲယမ်းများဝယ်ယူရန် နိုင်ငံခြား​ငွေကိုရနိုင်သ​လောက်ရှာ​ဖွေ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။