Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေ

နိုဝင်ဘာလ(၂၄)ရက်တွင် ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်မှုခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ(စိုးရိမ်ရ)ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုလောတွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေ
ပုလောတွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေ

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုအား KNDO ဦးစီးသော ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ပူရိယက္ခညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ(၂၄)ရက်တွင် ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်မှုခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ(စိုးရိမ်ရ)ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နာရီကြာ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မြေပြင်အနေအထားအသာရ၍ ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထုတ်ပြန်ထားသည်။

နန်းတောင်တိုက်ပွဲကို KNDO ဦးစီးသော ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလက ဦးဆောင်ပြီး မဟာမိတ်ညီနောင်တပ်ဖွဲ့များဖြစ်ကြသည့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ မိုးကြိုးအဖွဲ့၊ Ghost Ranger အဖွဲ့နှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF-Palaw)အဖွဲ့တို့မှ စုပေါင်းညီညွတ်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းအနေဖြင့် စစ်ကောင်စီတပ်များအား အမြစ်ဖြတ်ရှင်းလင်းရန် လက်နက်၊ ခဲယမ်းကျည်နှင့် ငွေကြေးများ လိုအပ်နေသောကြောင့် ရပ်ဝေးရပ်နီးရှိ ပြည်သူလူထုများအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးရန် ပူရိယက္ခညီနောင်စစ်ကြောင်းမှ အသိပေးထုတ်ပြန်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်တပ်နဲ့ SNA အထိနာလို့ မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ကုသ

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။