Connect with us

Hi, what are you looking for?

သတင်း

စစ်လက်နက်ပစ္စည်းများသယ်ယူသည့် ယာဥ်တန်းတွင် စစ်ကောင်စီက လူသားတံတိုင်းအဖြစ် ဖမ်းဆီးခံ နိုင်ကျဥ်းအချို့ခေါ်ဆောင်လာဟုဆို

စစ်ကောင်စီသည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်း သယ်ယူလာပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တားဆီးနိုင်ရန် ကြိုးစားနေသည်။

(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းတစ်ခုကို တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း ဖြတ်သန်းသွားလာနေသော စစ်ကောင်စီယာဥ်တန်းတစ်ခုကို တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

တမူးမြို့မှ ကလေးမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းတွင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် အကျဥ်းသား ၁၀ဦးကို စစ်ကောင်စီက လူသားတံတိုင်းအဖြစ် ခေါ်ဆောင် သွားကြောင်း တမူးမြို့ခံများက ပြောသည်။

စစ်ကောင်စီသည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်း သယ်ယူလာပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တားဆီးနိုင်ရန် ကြိုးစားနေသည်။

Public Service Announcement
Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရမည်ကိုကြောက်ရွံ့နေသည့် စစ်ကောင်စီတပ်က အကျဥ်းသား ၁၀ဦးကိုလူသားတံတိုင်းအနေဖြင့် ခေါ်ဆောင်သွားသည်ဟု တမူးမြို့ခံများက သုံးသပ်ပြောဆိုသည်။

“အကျဥ်းသားမိန်းကလေး သုံးယောက်ပါတယ်။ လူသားတံတိုင်းလုပ်ပြီးခေါ်သွားတာ။တချို့နေရာတွေမှာ ရှေ့ကနေ လမ်းလျှောက်ခိုင်းတာ”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဥ်တန်းသည် တမူးမြို့မှ နိုဝင်ဘာ ၁၅ရက်တွင် ထွက်ခွာလာခြင်းဖြစ်သည်။ ယခုအခါ တမူး-ကလေး အာရှလမ်းမကြီး မိုင်တိုင်(၅၆) ဝန်းကျင်တွင် ရောက်ရှိနေသည်။ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ကလေး-တမူး လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် People’s Defence Force (Kalay)က သတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

Facebook