Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

PDF ဒရုန်းကြောင့် ပျူများ ဒဏ်ရာ၊ ထီးချိုင့်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-NUG)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးများ ယနေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာစစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားနှင့်ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ရွှေဘိုခရိုင်)တပ်ရင်း(၁၆) က Drone ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ထီးချိုင့်မြို့နယ်၊ ရေဖြူလွင်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကသာခရိုင်)တပ်ရင်းများ/ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်) စသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့် စကစတပ်သား၊ပျူစောထီးတပ်သားများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာသား ၁၀ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။