Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ်များ လက်တွဲပြီးချီတက်နိုင်ရေးမှာအရေးကြီးဆုံးဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

စစ်ရေးလှုပ်ရှားမှုများ များလာသည်နှင့်အမျှ ထိခိုက်နစ်နာရသည့် ပြည်သူများအသက်ဆုံးရှုံးရသည့် ပြည်သူ့ဘက်တော်သားများ၏ သတင်းများကြားသိရပြီး များစွာစိတ်ထိခိုက်ရသည်ဟုလည်း ၎င်းက ဆိုသည်။

တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေသည့် အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ် EROများတစ် စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအစိုးရ အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

စစ်ရေးလှုပ်ရှားမှုများ များလာသည်နှင့်အမျှ ထိခိုက်နစ်နာရသည့် ပြည်သူများအသက်ဆုံးရှုံးရသည့် ပြည်သူ့ဘက်တော်သားများ၏ သတင်းများကြားသိရပြီး များစွာစိတ်ထိခိုက်ရသည်ဟုလည်း ၎င်းက ဆိုသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ်များ လက်တွဲပြီးချီတက်နိုင်ရေးမှာအရေးကြီးဆုံးဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော
တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ်များ လက်တွဲပြီးချီတက်နိုင်ရေးမှာအရေးကြီးဆုံးဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

“ဒီလို သတင်းတွေကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ နံပါတ် (၁)က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ နံပါတ် (၂ )က တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကိုအကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနှင့် တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမည့်ဝေဝေဝါးဝါးဖြစ်စေမည့် နည်းလမ်းများ သုံးလာမည်ဖြစ်ကြောင်း ၎င်းက သတိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိ နွေဦးတော်လှန်ရေးသည် နိုင်ငံရေးကဏ္ဍတစ်ခုတည်းနှင့် သွားလို့ရသည့် တော်လှန်ရေး မဟုတ်သကဲ့သို့ စစ်ရေးချည်း သီးသန့်အဖြေရှာနိုင်မည့် တော်လှန်ရေးလည်းမဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

မေးမြန်းခန်း

ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

Facebook