Connect with us

Hi, what are you looking for?

သတင်း

ခိုင်မာသည့်အပြောင်းအလဲအတွက် တော်လှန်ရေး အရှိန်အဟုန်မပျက်စေဘဲ ဆက်လက်တိုက်ပွဲဝင်ကြရန် NUG တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ် နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် NUG၏ ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

ခိုင်မာသည့်အပြောင်းအလဲအတွက် တော်လှန်ရေး အရှိန်အဟုန်မပျက်စေဘဲ ဆက်လက်တိုက်ပွဲဝင်ကြရန် NUG တိုက်တွန်း
ခိုင်မာသည့်အပြောင်းအလဲအတွက် တော်လှန်ရေး အရှိန်အဟုန်မပျက်စေဘဲ ဆက်လက်တိုက်ပွဲဝင်ကြရန် NUG တိုက်တွန်း

လက်ရှိရရှိနေသော တော်လှန်ရေးရလဒ်ကောင်းများကို အခြေပြု၍ မြန်မာနိုင်ငံတွင် ခိုင်မာသေချာသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေရေး တော်လှန် ရေးကို အရှိန်အဟုန်မပျက်စေပဲ ဆက်လက်တိုက်ပွဲဝင်သွားကြရန် တိုက်တွန်းနှိုးဆော်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ် နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် NUG၏ ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

ယမန်နေ့ (နိုဝင်ဘာ၁၇ ရက်)တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားအချို့ကို မတရားဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးခဲ့သည့် ဖြစ်ရပ်သည် တော်လှန်ရေးတစ်နှစ်နှင့် ၉လ ကျော်ကာလအတွင်း နိုင်ငံအဝှမ်းရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နည်းလမ်းပေါင်းစုံဖြင့် ကြံ့ကြံ့ခံတိုက်ပွဲဝင်နေခြင်း၊ နိုင်ငံတကာ၏ စဉ်ဆက်မပြတ် ဖိအားပေးနေခြင်းတို့ကြောင့် ဖြစ်တည်လာခဲ့သော ပြည်သူ့အောင်ပွဲတစ်ခုဖြစ်ကြောင်း NUGကဆိုသည်။

အသက်နှင့်ခန္ဓာမြဲလျက် ပြန်လည်လွတ်မြောက် လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက်မိကြောင်း၊ သို့ရာတွင် ပြန်လည်လွတ် မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအားလုံးသည် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရသူများဖြစ်ခြင်း၊ မတရားဖမ်းဆီးခံ ထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသူများစွာ ကျန်ရှိနေခြင်း၊ ပြန်လည်လွတ်မြောက်လာခြင်းမရှိတော့ပဲ စစ်ကြောရေးတွင် ကျဆုံးခဲ့ရသူများ၊ ထောင်တွင်း သတ်ဖြတ်ခံရသူများ ရှိခဲ့ခြင်း၊ တော်လှန်ရေးကာလ တစ်လျှောက် အသက်သွေးချွေးများရင်းနှီးပေးဆပ် ခဲ့ကြသူများစွာရှိနေခြင်း စသည့်အချက်တို့ကို အမှတ်ရနေရမည်ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့သော မတရားမှုများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိစေရေးကို အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တစိုက်မတ်မတ် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာခြင်းကဲ့သို့သော တော်လှန်ရေး ရလဒ်ကောင်းများ ရရှိလာခြင်း၏ အခြေခံအင်အားဖြစ်သော တစ်နှစ်ခွဲကျော်ကာလအတွင်း အလံမလှဲစတမ်း နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးကို ဆင်နွှဲခဲ့၊ ဆင်နွှဲနေကြဆဲဖြစ်သော တိုင်းရင်းသားပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ သပိတ်အဖွဲ့များနှင့် တိုင်းရင်းသားမဟာမိတ်များအားလုံးကို အထူး ကျေးဇူးတင်ကြောင်း NUGက ပြောသည်။

ထို့အတူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး အကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုပဲ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည် ပေးခဲ့ကြသော နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တ နေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်ကို မျက်ခြေပြတ်မခံပဲ မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားကာ ပန်းတိုင်ကို လက်ဝယ်ပိုင်ပိုင်လှမ်းကိုင်နိုင်သည်အထိ တိုင်းရင်းသားမဟာမိတ် များအားလုံးနှင့် ပူးပေါင်းလက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထပ်လောင်း ကတိပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။