Connect with us

Hi, what are you looking for?

သတင်း

မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်

မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် စီဒီအမ်စစ်ဗိုလ်တစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်ပနိုင်ငံ‌ပေါင်း ၂၀ ကျော်၏ မြို့ ၅၀ ကျော်တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးမှုရရှိထားသည်။

မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်
မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်

ပြည်ပနိုင်ငံတော်တော်များများတွင် ပရိသတ်အားပေးမှုရရှိနေသည့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို သမ္မတအပါအဝင်အမျိုးသားညီညွှတ်ရေး အစိုးရ ဝန်ကြီးများကို ပြသခွင့်ရရှိခဲ့ကြောင်း ဒါရိုက်တာကိုပေါက်က ပြောသည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် စီဒီအမ်စစ်ဗိုလ်တစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်ပနိုင်ငံ‌ပေါင်း ၂၀ ကျော်၏ မြို့ ၅၀ ကျော်တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးမှုရရှိထားသည်။

“အမှတ်တရများထဲက မှတ်မှတ်ရရနေ့တစ်နေ့။ အာဏာမသိမ်းခင်က လွှတ်တော်ရဲ့ နောက်ဆုံးညစာစားပွဲမှာ “ရိုးမပေါ်ကျတဲ့မျက်ရည်”ရုပ်ရှင်ကို နေပြည်တော်မှာဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များကိုပြခဲ့တုန်းက သမ္မတဦးဝင်းမြင့်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ပြီးနှုတ်ဆက်စကားပြောခွင့်ရခဲ့တယ်” ဟု ပြည်သူ့အစိုးရလက်ထက်က အမှတ်တရကို ဒါရိုက်တာကိုပေါက်က မျှဝေထားသည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်မှရရှိသည့် ဝင်ငွေများ အနက် ပထမဆုံးအကြိမ်လှူဒါန်းမှုအနေဖြင့် ငွေကျပ်သိန်း ၄၆၀၀ ‌ကို နိုဝင်ဘာ ၂၄ နှင့် ၂၅ တွင် သက်ဆိုင်ရာ အဖွဲ့များသို့ လှူဒါန်းခဲ့ကြောင်း ယင်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook