Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်

မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် စီဒီအမ်စစ်ဗိုလ်တစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်ပနိုင်ငံ‌ပေါင်း ၂၀ ကျော်၏ မြို့ ၅၀ ကျော်တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးမှုရရှိထားသည်။

မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်
မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်

ပြည်ပနိုင်ငံတော်တော်များများတွင် ပရိသတ်အားပေးမှုရရှိနေသည့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို သမ္မတအပါအဝင်အမျိုးသားညီညွှတ်ရေး အစိုးရ ဝန်ကြီးများကို ပြသခွင့်ရရှိခဲ့ကြောင်း ဒါရိုက်တာကိုပေါက်က ပြောသည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် စီဒီအမ်စစ်ဗိုလ်တစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်ပနိုင်ငံ‌ပေါင်း ၂၀ ကျော်၏ မြို့ ၅၀ ကျော်တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးမှုရရှိထားသည်။

“အမှတ်တရများထဲက မှတ်မှတ်ရရနေ့တစ်နေ့။ အာဏာမသိမ်းခင်က လွှတ်တော်ရဲ့ နောက်ဆုံးညစာစားပွဲမှာ “ရိုးမပေါ်ကျတဲ့မျက်ရည်”ရုပ်ရှင်ကို နေပြည်တော်မှာဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များကိုပြခဲ့တုန်းက သမ္မတဦးဝင်းမြင့်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ပြီးနှုတ်ဆက်စကားပြောခွင့်ရခဲ့တယ်” ဟု ပြည်သူ့အစိုးရလက်ထက်က အမှတ်တရကို ဒါရိုက်တာကိုပေါက်က မျှဝေထားသည်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်မှရရှိသည့် ဝင်ငွေများ အနက် ပထမဆုံးအကြိမ်လှူဒါန်းမှုအနေဖြင့် ငွေကျပ်သိန်း ၄၆၀၀ ‌ကို နိုဝင်ဘာ ၂၄ နှင့် ၂၅ တွင် သက်ဆိုင်ရာ အဖွဲ့များသို့ လှူဒါန်းခဲ့ကြောင်း ယင်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။