Connect with us

Hi, what are you looking for?

သတင်း

ဝန်ထမ်းအိမ်ရာတွေမှာ CDM ဝန်ထမ်းတွေ ဝင်နေရင် ဖမ်းဖို့ စစ်ကောင်စီညွှန်ကြား

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

စစ်အာဏာသိမ်းတာကို အကြမ်းမဖက်အာဏာဖီဆန်တဲ့ (CDM) ဝန်ထမ်းတွေ ဝန်ထမ်းအိမ်ရာတွေမှာ ဝင်ရောက်နေထိုင်ရင် ဖမ်းဆီးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့သိရပါတယ်။

ဒီလို ဖမ်းဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ညွှန်ကြားလာတာလို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရက တိုင်းအတွင်းက ဌာနအသီးသီးကို ညွှန်ကြားတဲ့စာမှာဖော်ပြထားတာ ဖတ်ရှုရပါတယ်။

ဒီလလယ်ပိုင်း နိုဝင်ဘာလ ၁၅ ရက်က ရက်စွဲနဲ့ ထုတ်တဲ့အဲဒီညွှန်ကြားစာထဲမှာ ဝန်ထမ်းအိမ်ရာတွေမှာ CDM ဝန်ထမ်းတွေ ဝင်ရောက်နေထိုင်တာ ရှိ မရှိကို စစ်ဆေးဖို့ ပါရှိပါတယ်။

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဖမ်းဆီးပြီး ထောင်ချတာတွေလည်းရှိလို့ CDM ဝန်ထမ်းတွေဟာ တိမ်းရှောင်ခဲ့ကြရပါတယ်။

ဝန်ထမ်းတွေ CDM လုပ်တာကြောင့် အုပ်ချုပ်ရေးယန္တယား လည်ပတ်ဖို့အခက်တွေ့ခဲ့ကြောင်း စစ်ကောင်စီဘက်က ဝန်ခံခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။