Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နန်းမယ်ခုံမြို့တစ်ကျောတွင် စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများအသွားအလာမပြုလုပ်ကြရန် KNDF သတိပေး

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့တစ်ကျောတွင် စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများအနေဖြင့် အသွားအလာမပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(နိုဝင်ဘာ ၃၀ ရက်)သတိပေးထုတ်ပြန်သည်။

မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့နယ်ကြား၌ တည်ရှိသော နန်းမယ်ခုံသည် စစ်ရေးအရ ဗျူဟာကျပြီး ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်တပ်စွဲထားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

“ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက နန်းမယ်ခုံတစ်ဝိုက်မှာ တိုက်ပွဲနေ့စဥ်နီးပါးဖြစ်နေတာ။ စကစဘက်က စစ်ရေးလှုပ်ရှားလာလို့ ပိတ်ဆို့ပြီးတိုက်တာလား ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်သိမ်းဖို့ တိုက်နေတာလားဆိုတာတော့ အတိအကျ မသိနိုင်သေးဘူး”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိစစ်ရေးတင်းမာနေသော နန်းမယ်ခုံမြို့ အခြေအနေနှင့်ဆက်စပ်၍မူ KNDFထံမှ သီးခြားမှတ်ချက်မရရှိသေးပေ။

Public Service Announcement

Public Service Announcement

သို့သော် လက်ရှိအခြေအနေများကြောင့် နန်းမယ် ခုံမြို့တစ်ကျော ကူးလူးသွားလာပြုလုပ်နေသော ပြည်သူများ၊ ဒေသခံများအနေဖြင့် စစ်ရေးအသိသတိရှိကြစေရန် နှင့် လတ်တစ်လော စစ်ရေးတင်းမာနေသည့် အခြေနေများကြောင့် လုံခြုံစိတ်ချရသည့်အခြေနေမရှိသော အချိန်ကာလအတွင်း သတိလက်လွတ် အသွားလာမပြုလုပ်ကြသေးရန် လည်း မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ် ထားသော လွိုင်ကော်မြို့ဧရိယာနှင့် စစ်တန်း လျားအခိုင်အမာရှိသော မြို့အချို့ မှလွဲ၍ ကရင် နီပြည်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော တိုင်းရင်းသားပြည်သူများအား ရန်သူများအဖြင့် သတ်မှတ်ပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး များအသုံးပြုပစ်မှတ်ထားကာ လူမျိုးသုန်းသတ် ဖြတ်မှုများလုပ်ဆောင်နေကြောင်းလည်း KNDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။