Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာတွင်ယမန်​နေ့တစ်ရက်တည်း စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်ရာ ၁၀ ဦးခန့်သေဟု နတ်ဆိုးအဖွဲ့ပြော

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။

(စစ်ကောင်စီ၏ထောက်ပို့ထော်လာဂျီပေါ်က သိမ်းဆည်းရမိသော ပစ္စည်းများ။ဓါတ်ပုံ-နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့)
(စစ်ကောင်စီ၏ထောက်ပို့ထော်လာဂျီပေါ်က သိမ်းဆည်းရမိသော ပစ္စည်းများ။ဓါတ်ပုံ-နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ကျည်များနှင့် ခိုးရာပါပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မတ္တရာမြို့နယ်၊ မြောင်းသစ်တံတားနက်ပေါ်သို့ တက်လာသော စစ်ကောင်စီကား ငါးစီးပါယာဥ်တန်းကို ပဒေသာမိုင်း ၂ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် မွန်းလွဲ ၃ နာရီကျော်တွင် မြောင်းဦးတောင်ဘက် တောင်ကံရွာအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား ၁၂ ဦးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အဆိုပါအဖွဲ့က အသိ​ပေးသည်။

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထော်လာဂျီမောင်းနှင်လာသူမှာ ရွာသားတစ်ဦးဖြစ်ပြီး ထိုယာဥ်ပေါ်ရှိ ကျည်ဆံများနှင့် စစ်​ကောင်စီတပ်သားများ၏ မှတ်ပုံတင်အချို့၊ နိုင်ငံကူး လတ်မှတ်များ အပါအဝင် ဒေသခံများထံက ခိုးယူလုယက်လာသော အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့ထံ People’s Spring ကဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်ကလည်း ပျားတိုက်နှင့် ကျပ်ပြင်ရွာကြား၊ တံတားကွေ့တွင် စစ်ကောင်စီတပ်သား၅ ဦးပါ ကားတစ်စီးကို ပဒေသာမိုင်း ၂လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရှိကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။