Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင်ယမန်​နေ့တစ်ရက်တည်း စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်ရာ ၁၀ ဦးခန့်သေဟု နတ်ဆိုးအဖွဲ့ပြော

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။

(စစ်ကောင်စီ၏ထောက်ပို့ထော်လာဂျီပေါ်က သိမ်းဆည်းရမိသော ပစ္စည်းများ။ဓါတ်ပုံ-နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့)
(စစ်ကောင်စီ၏ထောက်ပို့ထော်လာဂျီပေါ်က သိမ်းဆည်းရမိသော ပစ္စည်းများ။ဓါတ်ပုံ-နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီတပ်ကို ၃ ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ကျည်များနှင့် ခိုးရာပါပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က မတ္တရာမြို့နယ်၊ မြောင်းသစ်တံတားနက်ပေါ်သို့ တက်လာသော စစ်ကောင်စီကား ငါးစီးပါယာဥ်တန်းကို ပဒေသာမိုင်း ၂ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် မွန်းလွဲ ၃ နာရီကျော်တွင် မြောင်းဦးတောင်ဘက် တောင်ကံရွာအတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သား ၁၂ ဦးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၈ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း အဆိုပါအဖွဲ့က အသိ​ပေးသည်။

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထော်လာဂျီမောင်းနှင်လာသူမှာ ရွာသားတစ်ဦးဖြစ်ပြီး ထိုယာဥ်ပေါ်ရှိ ကျည်ဆံများနှင့် စစ်​ကောင်စီတပ်သားများ၏ မှတ်ပုံတင်အချို့၊ နိုင်ငံကူး လတ်မှတ်များ အပါအဝင် ဒေသခံများထံက ခိုးယူလုယက်လာသော အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့က အသိပေးခဲ့သည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ နတ်ဆိုး​မြေအောက်တော်လှန်ရေးတပ်ဖွဲ့ထံ People’s Spring ကဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲခန့်ကလည်း ပျားတိုက်နှင့် ကျပ်ပြင်ရွာကြား၊ တံတားကွေ့တွင် စစ်ကောင်စီတပ်သား၅ ဦးပါ ကားတစ်စီးကို ပဒေသာမိုင်း ၂လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရှိကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook