Connect with us

Hi, what are you looking for?

သတင်း

ကသာမှာ ည ၈ နာရီခွဲကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် စစ်ကောင်စီထုတ်

ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး သင်္ဘောဆိပ်မြို့ဖြစ်တဲ့အပြင် ရထားလမ်း ၊ကားလမ်းဆုံရာမြို့လည်းဖြစ်ပါတယ်။

ကသာမြို့ကိုတွေ့ရစဉ် ( ဓာတ်ပုံ − ဝီကီ)
ကသာမြို့ကိုတွေ့ရစဉ် ( ဓာတ်ပုံ − ဝီကီ)

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းမှာရှိတဲ့ ကသာမြို့မှာ ည ၈ နာရီခွဲကနေ နောက်နေ့ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ဒီနေ့ကစတင်ပြီး ထုတ်လိုက်ပါတယ်။

ဒါအပြင် နေ့ဘက်မှာလည်း လူ ၅ ဦးထက်ပိုမစုဖို့ စစ်ကောင်စီက အမိန့်ထုတ်ပါသေးတယ်။

ကသာမြို့နယ်အတွင်းက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်စီတပ် ညမထွက်ရအမိန့် မထုတ်ခင်ကပင် ညပိုင်းမြို့ထဲမှာ အပြင်ထွက်သူမရှိသလောက်ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

” မြို့ပေါ်မှာတော့ တခါတရံဗုံးကွဲတာတော့ရှိတယ်” လို့ အဲဒီမြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် မြို့တွင်းက ဌာနဆိုင်ရာအဆောက်အဦးတွေ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခံရတာလည်းရှိတယ်လို့သိရပါတယ်။

ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး သင်္ဘောဆိပ်မြို့ဖြစ်တဲ့အပြင် ရထားလမ်း ၊ကားလမ်းဆုံရာမြို့လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကသာမြို့ကို ရောက်နေတဲ့ စစ်ကောင်စီ တိုက်သင်္ဘောသုံးစီး အပါအဝင် သင်္ဘော ၄စီးဟာ ဒီကနေ့ စက်တင်ဘာ ၈ရက်မနက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီကို ဆက်လက် ဆန်တက်သွားပြီလို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်