Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ်ရှိ ရွာများအား မီးရှို့သည့်စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့ ထပ်မံတိုက်ခိုက်

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လေသာရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TR
စစ်ကောင်စီတပ်က လေသာရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - TR

▪️လေကြောင်းပစ်ကူပေးတုံ့ပြန်၊ စစ်ကောင်စီ၏ ဒုတပ်ကြပ်တစ်ဦး၏ အလောင်းကို လေသာရွာစာသင် ကျောင်း၌ မြေမြှုပ်သွား

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုလုပ်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိခဲ့ပြီး လေကြောင်းမှတုံ့ပြန်တိုက်ခိုက်လာကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ညတုန်းက ပြည်သူ့ဘက်တော်သားတွေ ၊ လက်နက်ကိုင်ပကဖတွေနဲ့ KIA တွေကတော့ အတော်အသင့်တော့ ပါကောင်းပါလိမ့်မယ်။ အဲဒါနဲ့ အကုန် လုံးဝိုင်းပြီးတော့မှ လုပ်တဲ့အခါမှာ သူတို့ကတော့ ထွက်ပြေးသွားတယ်။ အဲဒါက လေသာမှာ။ အခုမနက်မှာတော့ သူတို့မရှိတော့တဲ့အခါ လေသာရွာထဲ ဝင်လိုက်တဲ့အခါ မှာ လေသာရွာကတော့ ရွာပျက်ကြီးဖြစ်သွားပါပြီ။ အိမ်ကြီးအိမ်ကောင်း တိုက် တာ အဆောက်အဦတွေအကုန်လုံး မီးရှို့သွားပါတယ်။ အကုန်လုံးနီးပါးပေါ့”ဟု ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် လေကြောင်းက တိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။ နိုဝင်ဘာ ၂၇ရက် တိုက်ပွဲနှင့် နိုဝင်ဘာ ၂၈ရက်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့တိုက်ခိုက်မှုတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဟု ဆိုသည်။စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိပြီး ဒုတပ်ကြပ်တစ် ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်း၌ တွေ့ရှိခဲ့သည်ဟု ဒေသခံက ပြောသည်။

“ဒီနေ့မနက်မှာတော့ ခွေးအလောင်းတစ်လောင်း ဒုတပ်ကြပ် မောင်ဇော်လို့ အမည်ရတဲ့ ဒုတပ်ကြပ် အလောင်းတစ်လောင်း ကျောင်းဝင်းထဲမှာ မြှုပ်ထားတာ သွားတွေ့တယ်။ သူတို့ ဆေးတွေ ကုထားတဲ့ သွေးကွက်တွေ သွားတွေ့ပါတယ်” ဟု ဒေသခံက ပြောသည်။

ယနေ့နံနက်တွင်လည်း စစ်ကောင်စီတပ်၏ အခြားစစ်ကြောင်းတစ်ခုနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ထီးချိုင့်မြို့အထွက်၌ တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေများ မသိရသေးဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။