Connect with us

Hi, what are you looking for?

သတင်း

မဟာအောင်မြေမြို့နယ်တွင် အသစ်ဖွင့်ထားသည့် အုပ်ကြီးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သံလျက်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏နောက်လိုက်တစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

(၂၀၂၁ ဖေဖော်ဝါရီက မန္တလေးမြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ် ဖမ်းဆီးနေကြသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ ဖေဖော်ဝါရီက မန္တလေးမြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ် ဖမ်းဆီးနေကြသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️ စစ်ဆင်ရေးများပြုလုပ်ရန် ပြည်သူများ၏ ထောက်ပံ့မှုလိုနေဟု STF-MDY ပြော

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အသစ်ဖွင့်ထားသည့် သံလျပ်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Special Task Force Mandalay (STF-MDY)တာဝန်ခံ ဗိုလ်အနိစ္စက ပြောသည်။

“အမှန်တကယ်တော့ ကျွန်တော်တို့က အပြင်တံခါးဖွင့်ထားတာ မြင်တာနဲ့ ဒီနေ့ကင်းထောက်ကြည့်လိုက်တာ။ကြည့်တဲ့အချိန်မှာ သူတို့အစည်းအဝေးလုပ်နေတာ မြင်တာနဲ့ အခွင့်အရေးကို အသုံးချလိုက် တာ”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သံလျက်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏နောက်လိုက်တစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“အုပ်ချုပ်ရေးမှူးလို့တော့ ပြောတယ်။ သူနဲ့ သူ့နောက်လိုက်တစ်ဦး ထိခိုက်မှုများတယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးရုံးဘေးမှာရှိတဲ့ မီးသတ်က ကားနဲ့ လိုက်ပို့တယ်လို့ ကြားတယ်”ဟု ဗိုလ်အနိစ္စက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၎င်းတို့အဖွဲ့သည် စစ်ဆင်ရေးများပြုလုပ်ရန် ပြည်သူများ၏ ထောက်ပံ့မှုနှင့်ရပ်တည်နေသည့် အဖွဲ့ဖြစ်သောကြောင့် ဆက်လက်ထောက်ပံ့ပေးရန် ၎င်းက မေတ္တာရပ်ခံသည်။

“ကျွန်တော်တို့က ပြည်သူထောက်ပံ့တာနဲ့ လှုပ်ရှားနေရတာ။ အခုတလော လှူတာတွေ အရမ်းအားနည်းလာတယ်။ကျွန်တော်တို့ကျ အခက်တွေ့တာပေါ့။ ပိုက်ဆံရှိမှဝယ်လို့ရတာကိုး။ ပိုက်ဆံရှိရင်တောင် ပစ္စည်းက ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ရှာရတာဆိုတော့ ပိုက်ဆံမရတော့ တစ်ခါတစ်လေနားရတယ်။ ပစ္စည်းကို အရမ်းချွေချွေတာတာလုပ်ရတယ်။ပြည်သူပါဝင်မှု အရမ်းအားနည်းနေလို့ နေသာသလို မနေဖို့ပဲပြောချင်ပါတယ်”ဟု ဗိုလ်အနိစ္စက ပြောသည်။

ထောက်ပံ့‌လိုသည့် ပြည်သူများအနေဖြင့် Special Task Force Mandalay ပေ့ခ်ျမှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

Facebook