မွန်ပြည်နယ် မုံဒုံမြို့ စစ်ကောင်စီရပ်ကွက်ရုံးတစ်ခုတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စာရေးတစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုဒုံဒေသတွင်း သတင်းများအား ဖော်ပြနေသည့် Mudon Information တွင် ရေးသားထားသည်။
ထိခိုက်မှုအခြေအနေနှင့်ပတ်သက်ပြီး People’s Spring က သီးခြားအတည်ပြုနိုင်ခြင်းမရှိငသးပါ။
ယနေ့ ဒီဇင်ဘာလ(၅)ရက် နံနက်က မုဒုံမြို့ မြို့မ(၂)ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ စာရေးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးက ဒဏ်ရာပြင်းထန်သည်ဟု ကြားသိရကြောင်း ယင်း Mudon Information တွင် ဖော်ပြထားသည်။
ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား မုဒုံဆေးရုံနှင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရပြီး ဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်လည်းဆိုတာကိုတော့ လတ်တလောတွင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Public Service Announcement
ပေါက်ကွဲမှုဖြစ်ပြီးသည့်နောက် စစ်ကောင်စီတပ်သည် မြို့မရပ်ကွက်ရုံးအနီးပတ်ဝန်းကျင်၌ နေထိုင်သူဒေသခံများအား ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု Mudon Information ၏ ဖော်ပြချက်အရ သိရသည်။


















































