Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က အတွဲလိုက် ဒုံးများပါ အသုံးပြုတိုက်ခိုက်လာဟုဆို

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေး ရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင်အကြမ်းဖက် စစ်ကောင်စီမှ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ်ရေးအခြေနေတင်းမာနေသလို တိုက်ပွဲများ လည်း ဆက်လက်ဖြစ်ပွားနေဆဲ​ဖြစ်သည်။

(ယမန်နေ့ညပိုင်းက ကရင်နီပြည် နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ယမန်နေ့ညပိုင်းက ကရင်နီပြည် နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုပြုလုပ်နေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများအပြင် အတွဲလိုက်ဒုံး MRLSကိုများပါ အသုံးပြုတိုက်ခိုက်လာကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာ ၅ရက်)ညပိုင်းက လူမှုကွန်ရက်တွင် ထွက်ပေါ်ခဲ့သည့် ဓာတ်ပုံမှာလည်း ဒီးမော့ဆိုမြို့ နယ်ရှိ စစ်ကောင်စီတပ်စခန်းများဆုံးရှုံးသွားသည့် နေရာများကို ဦးတည်ပစ်ခတ်ခြင်းဟု ၎င်းတို့က ဆိုသည်။

“ဟိုအရင် ညပိုင်းတွေက လက်နက်ကြီးတွေ နဲ့ ပစ်တာပေါ့။အခု ဒီတခေါက်က တစ်ခါပစ်ရင် အနည်းဆုံး ဘေးပတ်ပတ်လည်မှာ ခြောက်လုံးလောက် ကွဲသံကြားရတယ်။စစ်ရေးအရ နေရာမပြောလိုပေမယ့် စ…(စစ်ကောင်စီတပ်သား)တွေက သူတို့ဆုံးရှုံးထားတဲ့နေရာကို အလုံးအရင်းနဲ့ကို ဦးတည်ပစ်ခတ်နေတာပါ”ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်နက်ကြီးများ အဆမတန်အသုံးပြု၍ ပစ်ခတ်ခြင်းသည် နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်နေခြင်းဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)အဖွဲ့ တာဝန်ရှိသူက သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ သူတို့တွေက သူတို့အထိနာနေတဲ့ နေရာတွေကို ပြန်လိုချင်တော့ ခြေလျင်စစ်ကြောင်းနဲ့ထိုးတယ်။မအောင်မြင်တော့ လက်နက်ကြီးတွေသုံးတယ်။အခု အတွဲလိုက်စနစ်မျိုးတွေပါ ပါလာတယ်။သိပ်မကြာခင် မြေပြင် ထိတွေ့မှုတွေပါ ပြင်းထန်လာနိုင်တယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ရက်ရှည်စစ်ပွဲအတွက် ခဲယမ်း၊ကျည်များမှာ တိုက်ပွဲအောင်နိုင်ရေး၏ အဓိကအချက်ဖြစ်၍ ပြည်သူများအနေဖြင့် ကရင်နီတပ်ဖွဲ့များထံသို့ ပံ့ပိုးပေးရန်(KRU)က တိုက်တွန်းသည်။

နိုဝင်ဘာ ၂၈ ရက်ကစ၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှဦးဆောင်၍ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDFတို့နှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသော ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် နယ်မြေစိုးမိုးရေး ပူးပေါင်းစစ်ဆင်ရေး တစ်ရပ်ဆင်နွဲခဲ့သည်။

အထိနာ၍ ဆုတ်ခွာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၃ ရက် နံနက် ၉နာရီခွဲက စ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာဖက်သို့ အင်းအား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မျာအား KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် ကရင်နီတပ်မတော် KA တို့ပူး ပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၂၀ကျော် သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

“စစ်ရေးက ပြင်းထန်လာဖို့ပဲရှိတယ်။လောလော ဆယ် တခြားဖြစ်စဥ်တွေကတော့ ပြောပြဖို့မရှိသေးဘူး”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေး ရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင်အကြမ်းဖက် စစ်ကောင်စီမှ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ်ရေးအခြေနေတင်းမာနေသလို တိုက်ပွဲများ လည်း ဆက်လက်ဖြစ်ပွားနေဆဲ​ဖြစ်သည်။

ထို့ကြောင့် အဆိုပါနေရာများအနီး ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြသေးရန် နှင့် KNDFမှ အစဥ်တစ်စိုက် ထုတ်ပြန်နေသည့် စစ်ရေးအခြေနေများကို ဂရုပြုကြရန် ပြည်သူများကို KNDF က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။