Connect with us

Hi, what are you looking for?

သတင်း

ဘုန်းကြီး​ကျောင်းတွင်တပ်စွဲသည့် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် နှစ်ရက်ဆက် တိုက်ခိုက်၊ စစ်တပ်အထိနာပြီးလက်နက်ခဲယမ်းအချို့ရ

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

(KIA တပ်ဖွဲ့ဝင်အချို့ ။(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)
(KIA တပ်ဖွဲ့ဝင်အချို့ ။(ပုံအ​ဟောင်းဖြစ်ပါသည်) ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဒဲယာန်(မှော်ဘုံ)ကျေးရွာရှိ ဘုန်းကြီးကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအချို့ရရှိခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

KIA တပ်မဟာ(၉) တပ်ရင်း(၆)နယ်မြေ မဒဲယန်တွင် ဒီဇင်ဘာ ၆ရက် ညနေ ၄နာရီ ကစပြီး စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မဒန်ယန်ကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား ၄၀ခန့်ရှိသည့် တပ်ဖွဲ့ကို KIAနှင့် KPDF ပူးပေါင်းတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၇နာရီခွဲတွင် နှစ်ဖက်မှလက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ည၈နာရီခန့်မှ စ၍ ဖားကန့် တပ်မကုန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ၁၂၀ မမ လက်နက်ကြီး ၃ကြိမ်ထက်မနည်း ပစ်ခတ်သကဲ့သို့ စစ်ကောင်စီ ခလရ (၇၆) တပ်မှ ၆၀ မမ ၄ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ ယင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် စားသောက်ဆိုင်နှင့် ကား ၂စီး ထိခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေး ဌာန သတင်းဖော်ပြချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

မဒန်ယန်၌ ရှိနေသည့် စစ်ကောင်စီတပ်ကို KIAက ဒီဇင်ဘာ ၇ရက် မနက်ပိုင်း၌ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်အသုံးအဆောင် လက်နက်အချို့ကို KIA တပ်မှ သိမ်းဆည်းရယူနိုင်ခဲ့သည်ဟု ဖော်ပြသည်။ တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို သတင်း၌ ဖော်ပြထားခြင်းမရှိပေ။ KIA ကတိုက်ပွဲသတင်းများထုတ်ပြန်ရာတွင် ရန်သူ​သေဆုံး၊ထိခိုက်မှုအ​ခြေအ​နေများကို ​ဖော်ပြ​လေ့မရှိ​ပေ။

သို့​သော်​ဒေသခံအချို့ နှင့် ​ဒေသတွင်းသတင်းဌာနများကစစ်​ကောင်စီတပ် ဆယ်နှင့်ချီ၍ ​သေဆုံးခဲ့ပြီး အထိနာခဲ့​ကြောင်း ​​ပြောကြား၊​ဖော်ပြသည်။

ဖားကန့်မြို့ အပါအဝင် ဖားကန့်မြို့နယ်အတွင်း၌ ယခု ဒီဇင်ဘာလအတွင်း စစ်ကောင်ဏီတပ်ကို KIAက တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

Facebook