Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်တွင် တိုက်ပွဲဖြစ်

“ဒီမနက်၇ နာရီလောက်ကတည်းကတိုက်ပွဲဖြစ်နေတာ။ ပြည်သူတွေ ကလေးမြောက်ပိုင်းဘက်ကိုအသွားအလာဒီနေ့ သတိပြုပေးပါ”ဟုကလေးမြို့ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-က​လေး-PDF)
(က​လေးPDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-က​လေး-PDF)

ကလေးမြို့နယ်မြောက်ပိုင်းတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် ယနေ့ နံနက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်။

က​လေးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့( က​လေး-PDF) အပါအဝင်ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့်စစ်ကောင်စီတပ်သည် ကလေးမြို့နယ်မြောက်ပိုင်း၊ ကလေး-တမူးအာရှလမ်းမကြီးဘေးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်​ကြောင်း PDFတစ်ဦးကပြောသည်။

“ဒီမနက်၇ နာရီလောက်ကတည်းကတိုက်ပွဲဖြစ်နေတာ။ ပြည်သူတွေ ကလေးမြောက်ပိုင်းဘက်ကိုအသွားအလာဒီနေ့ သတိပြုပေးပါ”ဟုကလေးမြို့ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကလေး-တမူး အာရှလမ်းမကြီးတွင်နိုဝင်ဘာလအတွင်းက တိုက်ပွဲအပြင်အထန်ဖြစ်ခဲ့ပြီးစစ်ကောင်စီအထိနာခဲ့သည်။ ဒီဇင်ဘာ ၇ရက်ကလည်းကလေး PDFတပ်ဖွဲ့ဝင်တစ်ဦး၏အိမ်ကို မီးလာရှို့သည့် စစ်ကောင်စီတပ်အား အိမ်အတွင်းမိုင်းထောင်၍တိုက်ခိုက်ရာစစ်ကောင်စီဘက်က၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကလးPDFက သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလဆန်းမှစ၍ က​လေးမြို့တွင်စစ်ရေးတင်းမာနေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook