Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဒီနေ့မှာလွတ်ရက်စေ့ပေမယ့် မလွှတ်ပေးဘဲ ပုဒ်မထပ်တိုးခံရ

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုတွေ့ရစဉ်(ပုံဟောင်း)
စစ်ကောင်စီရဲ့မတရားဖမ်းဆီးတာကိုခံထားရတဲ့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင်ဦးကျော်ဇေယျတို့ကိုတွေ့ရစဉ်(ပုံဟောင်း)

အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးထောင်ချထားတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခါနီးမှာ ပြန်လွှတ်မပေးဘဲ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ တို့ကို စစ်ကောင်စီက နိုင်ငံပိုင်ပစ္စည်းအလွဲသုံးစားမှုနဲ့ ပုဒ်မထပ်တိုးလိုက်ပါတယ်။

ထပ်တိုးလိုက်တဲ့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဟာ အနိမ့်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်တကျွန်းထိချနိုင်တဲ့ပုဒ်မလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြို့တော်ဝန်ဒေါက်တာရဲလွင် ရော NLD ပါတီဝင် ရွေးကောက်ခံ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျကိုပါ ဆူပူအောင်လှုံဆော်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီချထားတာပါ။

စစ်ကောင်စီချထားတဲ့ထောင်ဒဏ်အရ မြို့တော်ဝန်ဦးရဲလွင်ဟာ ဒီနေ့မှာ လွတ်မြောက်ရမှာဖြစ်ပြီး ဦးကျော်ဇေယျကတော့ ဒီလ နိုဝင်ဘာလ ၂၃ ရက်မှာ လွတ်ရမှာဖြစ်တယ်လို့ မန္တလေး နိုင်ကျဉ်း အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေအသိုင်းအဝိုင်းကနေစုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီဟာ ပြန်လွှတ်ပေးဖို့အစီအစဉ်မရှိဘဲ မန္တလေး စည်ပင်မှာတာဝန်ထမ်းဆောင်ချိန် အလွဲသုံးစားလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမှုထပ်တိုးထားတယ်လို့ သိရပါတယ်။

တဖက်မှာတော့ ထောင် ၂နှဏ်စီချထားတဲ့ မန္တလေးတိုင်းဝန်ကြီး ၂ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ်ပေးလာပါတယ်။

မန္တလေး စိုက်ပျိုးမွေးမြူဝန်ကြီးနဲ့ သံယဇာတဝန်ကြီးကို ပြစ်ဒဏ်စေ့လို့ ပြန်လွှတ်ပေးတာလို့ အကြောင်းပြထားပါတယ်။

မန္တလေးမြို့ခံတွေကတော့ မြို့တော်ဝန်ဒေါက်တာရဲလွင်ကို ထောက်ခံသူလုထုရှိတဲ့အတွက် စစ်ကောင်စီဟာ ပြန်မလွှတ်ပေးရဲတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဖို့လူသစ်စုရာမှာအမျိုးသမီးတွေကိုဦးစားပေးခေါ်ယူမှာမဟုတ်ဘဲ အသက် ၁၈ နှစ်ကနေ ၃၅နှစ်ကြား လူငယ်အမျိုးသားတွေကို ခေါ်ယူမှာပါ။

ဆောင်းပါး

စစ်အတွင်းကာလဖြစ်နေသည်ကို မေ့လျော့နေပုံရသည့်မန္တလေးသည် သီတင်းကျွတ်ပွဲတော်များဖြင့် အုန်းအုန်းထခဲ့ပြီးနောက် ၁၀၂၇၏ နှုတ်ဆက်မှုကြောင့် မီးကိုရေနှင့်ငြှိမ်းလိုက်သလို ရုတ်ချည်းငြိမ်သက်သွား​တော့ သည်။

သတင်း

အဖွဲ့ကထုတ်ပြန်​သောစက္ကန့် ၂၀ ကြာ ရုပ်သံဖိုင်တွင် ​လောင်ကစားရုံဟုယူဆ​ရ​သောအ​ဆောက်အအုံအတွင်းဗုံးတစ်ကြိမ်​ပေါက်ကွဲပြီး လက်နက်ငယ် ၂ ချက်ပစ်ခံသံကိုပါကြားရသည်။

သတင်း

ကျောင်း ချိတ်ပိတ်လိုက်တဲ့ ဓာတ်ပုံတွေနဲ့အတူ ပိုင်ရှင်အမျိုးသားကို ဖမ်းဆီးရမိတဲ့ ပုံတွေ လည်း စစ်ကောင်စီ ကလူမှုကွန်ရက်မှာဖြန့်ဝေထားတာတွေ့ရပါတယ်။