Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် တစ်ပတ်အတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင်များအပါအဝင် လူငယ် ၄၀ကျော် ဖမ်းဆီးခံရ

“ ဒီအပတ်အတွင်း ရန်ကုန်မှာ ဖမ်းစီးခံရတာ ၄၀ကျော်လောက်ရှိပါတယ်။UG အများအပြားး ၊ သပိတ်ရဲဘော် ၊ ထောက်ပို့အချို့နဲ့ အရပ်သားလူငယ်တွေပါ ဖမ်းစီးခံရတာပါ။” ဟု ၎င်းကပြောသည်။

(ရန်ကုန်မြို့တစ်နေရာတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် ဇွန်လ၅ ရက်က လူငယ်များ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ​ - ရန်ကုန်တော်လှန်ရေးအင်အားစု - YRF)
(ရန်ကုန်မြို့တစ်နေရာတွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် ဇွန်လ၅ ရက်က လူငယ်များ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ​ - ရန်ကုန်တော်လှန်ရေးအင်အားစု - YRF)

ရန်ကုန်မြို့တွင် ယခုတစ်ပတ်အတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင်များအပါအဝင် လူငယ် ၄၀ကျော် ဖမ်းဆီးခံခဲ့ရကြောင်း စမ်းချောင်း PDF မှ ရဲဘော်ပီတာက ပြောသည်။

“ ဒီအပတ်အတွင်း ရန်ကုန်မှာ ဖမ်းစီးခံရတာ ၄၀ကျော်လောက်ရှိပါတယ်။UG အများအပြားး ၊ သပိတ်ရဲဘော် ၊ ထောက်ပို့အချို့နဲ့ အရပ်သားလူငယ်တွေပါ ဖမ်းစီးခံရတာပါ။” ဟု ၎င်းကပြောသည်။

အရပ်သားပြည်သူများအဖမ်းခံရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီသတင်းပေးများ၏ ချောက်ချမှုကြောင့် မသင်္ကာဖြစ်ကာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ လက်နက်၊ပစ္စည်းများနဲ့ဖမ်းစီးခံရမှုများလည်း ရှိပါတယ်။ဖမ်းစီးခံရတာက အဖွဲ့ရဲ့ရဲဘော်တစ်ယောက်ကို စဖမ်းမိပြီး သတင်းဖုံးခံရကာ အဖွဲ့နဲ့ပြန်လည်ချိတ်ဆက်စေပြီး ထောင်ဖမ်းခံရတဲ့ဖြစ်စဉ်တွေလဲရှိပါတယ်။UG အဖွဲ့အချို့က အလှူငွေနည်းပါးမှုကြောင့် စုပြီးနေထိုင်ရတဲ့အခါ အဲ့အဖွဲ့ထဲကတစ်ယောက်ဖမ်းခံရပြီး နောက်ဆက်တွဲအနေနဲ့ Safe House ဝင်စီးခံရတဲ့ အခြေအနေတွေလဲ ကြုံနေရတယ် ။အဲ့မှာ ရဲဘော်အများအပြားဖမ်းစီးခံရတာပဲ” ဟု မြေပြင်၌ ကြုံနေရသည့် ဖြစ်စဉ်ကို ရဲဘော်ပီတာက ပြောသည်။

ထို့ပြင် ‌ပစ္စည်းသယ်၊ပို့ လုပ်ဆောင်ပေးသည့် ကားသမားကို ဖမ်း၍ ၎င်းနှင့်ဆက်စပ်သူများကို ဖမ်းဆီးခံရသည့် ဖြစ်စဉ်လည်းရှိကြောင်း ၎င်းက ဆိုသည်။

“ ပြည်သူတွေအနေနဲ့ UG များကို တိုက်ရိုက်ထောက်ပံပေးကြပါ။ တိုက်ရိုက်ထောက်ပံ့ဖို့ လုံခြုံရေးစိုးရိမ်ရတယ်ဆိုရင် စိတ်ချယုံကြည့်ရတဲ့ UGထောက်ပို့ ၊ မြို့နယ်အလိုက် တော်လှန်ရေး Page များကနေလဲ တဆင့်ထောက်ပို့ပေးကြဖို့တောင်းဆိုပါတယ်။ UGတွေအထောက်အပံ့နည်းနေခြင်းကြောင့် လုံခြုံရေးအတွက်သုံးဖို့အလှူငွေမရှိတာကြောင့် ပိုမိုဖမ်းစီးခံ‌နေ ရတာဖြစ်ပါတယ်” ဟု ရဲဘော်ပီတာက မေတ္တာရပ်ခံသည်။

ရန်ကုန်မြို့ပြတွင် လှူပ်ရှားနေသည့် မြို့ပြပြောက်ကျားအဖွဲ့များအနေဖြင့် လုံခြုံ‌ရေးကို အဓိကထား၍လုပ်ဆောင်ကြရန် Yangon UG Association (YUA) တာဝန်ခံ ဆရာကျောင်းက အကြံပြုသည်။

“ ကိုယ့်လုံခြုံရေးကို ဂရုစိုက်ပါ။ သူတို့ကိုလုပ်တဲ့နေရာမှာ ပထမဆုံးစဉ်းစားရမှာက ကိုယ့်လုံခြုံရေးပဲ။ Safety Firstပေါ့။ လုံခြုံရေးအဆင်ပြေမှ တခြားအလုပ်တွေ လုပ်စေချင်တယ်။ စိတ်လိုက်မာန်ပါမလုပ်ကြဖို့မေတ္တာရပ်ခံချင်တယ်။ ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ရဲ့ မြို့ပြပြောက်ကျားတွေကို အရင်ထက်ဂရုစိုက်ပေးပါ။ သူတို့ ဂရုစိုက်လေလေ ကျွန်တော်တို့ရှေ့ရောက်လေပဲ‌ဗျ” ဟု ဆရာကျောင်းက ပြောသည်။

Generation Y Guerilla -GY G တာဝန်ခံ G Tone ကလည်း “ ရကမှာ အစစအရာရာမပြည့်စုံတဲ့အတွက်ရော ကိုယ့်အဖွဲ့ကိုယ်စီစစ်မှု့မရှိတာရော​ကြောင့် ရကဟာလုံးပါးပါးလာပါတယ်။ကျွန်တော်တို့လည်းမနည်းရပ်တည်နေရတာ။ ဒါပေမယ့် အဆုံးထိရကမှာရှိမယ်။ ရက ငြိမ်ရင် စခထကြွလိမ့်မယ်။ ရသလိုတော်လှန်မယ်” ဟု ပြောသည်။

You May Also Like

သတင်း

ယနေ့ နေ့လည် ၁၂ နာရီခွဲ ဝန်းကျင်တွင် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ရထားသံလမ်း တံတားအမှတ် (၂၁၇)အနီး၌ ရန်ကုန် - မန္တလေး အမှတ် (၃)အဆန်ရထားသည် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အုတ်တွင်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

သတင်း

မြို့တော်ဝန်မဏ္ဍပ်ကို ယခင်ဆောက်နေကျ နေရာမှာပင် ဆောက်နေခြင်းဖြစ်ပြီး မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်မဏ္ဍပ်များဆောက်မည်ဟု စစ်ကောင်စီက‌ကြေညာထားသည်။

သတင်း

စာမေးပွဲဖြေပြီးထွက်လာတဲ့ ကျောင်းသူ ၊ကျောင်းသားတွေထံ အဲဒီဝါဒဖြန့် စာစောင်တွေ ကမ်းနေတာကို သတင်းဓာတ်ပုံတွေမှာ တွေ့ရပါတယ်။