Connect with us

Hi, what are you looking for?

သတင်း

အီးယူ-အာဆီယံ ထိပ်သီးညီလာခံကာလ NUG နိုင်ငံခြားရေးဝန်ကြီးကို ဘရပ်စဲလ်သို့ အီးယူ ဖိတ်ကြား

ဒီဇင်ဘာ ၁၄-၁၅ ရက်များက ဘရပ်စဲလ်၌ ကျင်းပခဲ့သော EU-ASEAN ထိပ်သီးညီလာခံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ငါးရပ်အကောင်အထည်ဖော် အီးယူက ဆက်လက်အားပေးထောက်ခံကြောင်း ကြေညာခဲ့သည်။

အီးယူ-အာဆီယံ ထိပ်သီးညီလာခံကာလ NUG နိုင်ငံခြားရေးဝန်ကြီးကို ဘရပ်စဲလ်သို့ အီးယူ ဖိတ်ကြား
အီးယူ-အာဆီယံ ထိပ်သီးညီလာခံကာလ NUG နိုင်ငံခြားရေးဝန်ကြီးကို ဘရပ်စဲလ်သို့ အီးယူ ဖိတ်ကြား

အီးယူတာဝန်ရှိသူများနှင့် မြန်မာ့အရေးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာန အထွေထွေအတွင်းရေးမှူးနှင့် ဒီဇင်ဘာ ၁၆ ရက်တွင် ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်မြို့၌ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ်စစ်ကောင်စီနှင့် ၎င်းတို့မိသားစုဝင်များ၊ ဆက်စပ်သူများကို စီးပွါးရေးပိတ်ဆို့ အရေးယူမှု အပါအဝင် ဥရောပသမဂ္ဂ၏ ကျင့်သုံးနေသည့် ဥပဒေများအတွင်းမှ ဆက်လက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖေါ်ထုတ်ကာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးသည်။

အီးယူ-အာဆီယံ ထိပ်သီးညီလာခံကာလ NUG နိုင်ငံခြားရေးဝန်ကြီးကို ဘရပ်စဲလ်သို့ အီးယူ ဖိတ်ကြား
အီးယူ-အာဆီယံ ထိပ်သီးညီလာခံကာလ NUG နိုင်ငံခြားရေးဝန်ကြီးကို ဘရပ်စဲလ်သို့ အီးယူ ဖိတ်ကြား

ဝန်ကြီး ဒေါ်ဇင်မာအောင်ကို လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံအတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ အနာဂတ်မျှော်မှန်းချက်များကို ကြားသိခဲ့ရ၍ ဝမ်းသာဂုဏ်ယူကြောင်း ဥရောပသမဂ္ဂ နိုင်ငံရေးဌာန အထွေထွေအတွင်းရေးမှူး မစ္စတာစတီဖာနိုဆန်နီနိုက ဖော်ပြသည်။

ဒီဇင်ဘာ ၁၄-၁၅ ရက်များက ဘရပ်စဲလ်၌ ကျင်းပခဲ့သော EU-ASEAN ထိပ်သီးညီလာခံတွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ငါးရပ်အကောင်အထည်ဖော် အီးယူက ဆက်လက်အားပေးထောက်ခံကြောင်း ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ EU-ASEAN ထိပ်သီးညီလာခံသို့စစ်ကောင်စီ တက်ရောက်ခွင့် မရခဲ့ပေ။

သို့သော် ယင်းထိပ်သီးညီလာခံမစတင်မီကတည်းက NUG ဝန်ကြီးအချို့သည် ဥရောပသမဂ္ဂ၏ ဖိတ်ကြားမှုဖြင့် ဘရပ်စဲလ်မြို့သို့ လူကိုယ်တိုင် ရောက်ရှိနေသည်။

ညီလာခံအပြီး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မစ္စတာစတီဖာနိုဆန်နီနိုတို့တွေ့ဆုံမှုတွင် ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် EU -ASEAN ဆွေးနွေးဘက် ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် မြန်မာ့အရေးကို မပျက်မကွက်ထည့်သွင်း ဖေါ်ပြခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေး မိတ်ဖက် ၊ ဆွေးနွေးဖက်နိုင်ငံများ ၊ အိမ်နီးနားချင်းနိုင်ငံများအကြား မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများရှာဖွေသွားရန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် တို့ကိုဆွေးနွေးခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက အသိပေးသည်။

ယင်း တွေ့ ဆုံဆွေးနွေးပွဲ သို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmans နှင့် အာရှဒေသ စီမံခန့်ခွဲမှု ဒု-ညွန်ကြားရေးမှူး အပါအဝင် တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃ ဦး ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁ရက်) သတင်းထုတ်ပြန်သည်။

သတင်း

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိတွေ့ လုပ်ဆောင်မှုတိုင်းမှာ သတိကြီးကြီးထား ကိုင်တွယ်ခြင်းဆိုတာဟာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် ဒါတုခ်ဆာရီ အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နှစ် ပါတ်တကြိမ်ပြုလုပ်လျက်ရှိသော ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်ကို တရုတ်၊ ဂျပန်၊ ထိုင်း နှင့် အိန္ဒိယဘာသာစကား ၄ မျိုးဖြင့်ပါ စမ်းသပ်ထုတ်လွှင့်​နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။