Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသော ယာဥ်အား မိုင်းဆွဲတိုက်ခိုက်

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFများက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ရွှေဘို-ကျောက်မြောင်းလမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်း လမ်းဆုံနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
ရွှေဘို-ကျောက်မြောင်းလမ်းနှင့် ရွှေဘို-မြစ်ကြီးနားလမ်း လမ်းဆုံနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီအရာရှိအပါအဝင် စစ်အုပ်စုလိုက်ပါလာသော Kluger ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း BurmaRangers (ShweBo)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) နံနက် ၁၁နာရီခန့်က ရွှေဘိုမြို့နယ်၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် ကျောက်မြောင်းမှ ရွှေဘိုမြို့သို့လာသည့် စစ်ကောင်စီအရာရှိတစ်ဦးနှင့် တပ်ဖွဲ့ဝင် ငါးဦးလိုက်ပါလာသည့် Klugerအဖြူရောင်ယာဥ်အား အုန်းပေါက်ကျေးရွာ အနောက်ဘက်တွင် ပဒေသာမိုင်း (၈)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း BurmaRangers (ShweBo)အဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး ကားမောင်းသမားမှာ မိုင်းထိဒဏ်ရာဖြင့် ရွှေဘိုမြို့သို့ဆက်လက်မောင်းနှင်သွားရာ ရွှေဘိုအရောက် သေဆုံးသည်ဟု BurmaRangersအဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ BurmaRangersအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFများက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ကနေဆန်တက်လာတဲ့ စစ်ရေယာဉ် အုပ်စုဟာ ကျောက်မြောင်းနဲ့ ရှိမ်းမကား ဒေသရောက်ရှိနေကြောင်း ဒေသတွင်း​ကင်း​ထောက်အဖွဲ့တွေက ပြော​ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

Facebook