Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ရွာစဥ်လှည့် မီးရှို့နေသော စစ်အု​ပ်စုကို ဒေသကာကွယ်ရေးတပ်များ နှစ်ရက်ဆက်တိုက်ခိုက်

ရလဒ်ကောင်းများရှိခဲ့သော်လည်း အဖွဲ့၏ တာဝေးပစ် (၆၀)မမ လက်နက်ကြီး ပြောင်းတစ်ပြောင်း ကွဲကာ ပျက်စီးခဲ့ရပြီး အူစီ(Gun)တစ်လက်မှာ ပြေးရင်းပြုတ်ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - TBK)
(TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - TBK)

စစ်ကိုင်းတိုင်းအတွင်း ရွာစဥ်လှည့်မီးရှို့နေသော စစ်ကောင်စီတပ်အား နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း မန္တလေးတိုင်းအခြေစိုက် သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက် ည ၈ နာရီခန့်က စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုအတွင်း သပိတ်ကျင်းမြို့နယ်(ပကဖ) TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့နှင့် အဆိုပါမြို့နယ်ဒေသကာကွယ်ရေးတပ်ရင်းတစ်ခုတို့ ပူးပေါင်းကာ ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသည့် နေရာတစ်ခုအား တာဝေးပစ် (၆၀)မမ လက်နက်ကြီး နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှု့ကြောင့် စစ်အုပ်စုရှိရာအနီးသို့ လက်နက်ကြီး ကျရောက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဘက်က ငါးကြင်းမှီး စက်သေနတ်အချက်၅၀ ကျော်နှင့် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းကာ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၅ရက် မွန်းလွဲ ၁၂ နာရီခန့်ကလည်း စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုအတွင်း ရွာစဥ်ပတ်ကာ မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သားများရှိရာ ခံတုတ်ကျင်းနေရာ၊ မီးရှို့အပြီး နားသည့်နေရာနှင့် အရက်ဆိုင်ဝင်ထိုင်ရန် ပြင်ဆင်နေချိန်များတွင် ဒရုန်းဖြင့် M9(အီနာဂါဗုံးသီး) သုံးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို သပိတ်ကျင်းမြို့နယ်(ပကဖ)TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့နှင့် ခင်ဦးမြို့နယ် အခြေပြု တော်လှန်ရေးအင်အားစုဖြစ်သည့် Royal Tiger Guerilla Force နှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးခန့် အပြင်းအထန် ဒဏ်ရာရနိုင်ပြီး တိုက်ခိုက်မှုအပြီးတွင် အနီးဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများရှိပြီး ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။

ရလဒ်ကောင်းများရှိခဲ့သော်လည်း အဖွဲ့၏ တာဝေးပစ် (၆၀)မမ လက်နက်ကြီး ပြောင်းတစ်ပြောင်း ကွဲကာ ပျက်စီးခဲ့ရပြီး အူစီ(Gun)တစ်လက်မှာ ပြေးရင်းပြုတ်ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ၎င်းအဖွဲ့က လုံခြုံရေးအရ ပြန်လည်ဖြေကြားနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။