Connect with us

Hi, what are you looking for?

သတင်း

PDF အဖွဲ့အား ဆိုင်ကယ်ဖြင့်လိုက်ပစ်သည့် ပျူအဖွဲ့ကို ပြန်လည်တိုက်ခိုက်

မြစ်ခြေ – ကျွန်းချောင်းလမ်းတွင် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူများနှင့် ဒေသတွင်းPDFများ ပစ်ခတ်မှုအချို့ ရှိခဲ့ဖူးသည်။

PDF အဖွဲ့အား ဆိုင်ကယ်ဖြင့်လိုက်ပစ်သည့် ပျူအဖွဲ့ကို ပြန်လည်တိုက်ခိုက်
PDF အဖွဲ့အား ဆိုင်ကယ်ဖြင့်လိုက်ပစ်သည့် ပျူအဖွဲ့ကို ပြန်လည်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်းလမ်းတွင် PDFအဖွဲ့ဝင်များကို လိုက်လံပစ်ခတ်သည့် ပျူစောထီးများအား ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ ပျူအုပ်စုထိခိုက်မှုရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်)ညနေ ၄နာရီခန့်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ – ကျွန်းချောင်း လမ်းပေါ်၌ မြိုင်(ပကဖ)အဖွဲ့ ရဲဘော်များ ဆိုင်ကယ်ဖြင့်ဖြတ်သန်းလာစဥ် အိုင်ကြီးကျေးရွာအနီး၌ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ကိုလယျာ်က ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ဆိတ်ခဝကျေးရွာမှဖြစ်ပြီး ဆိုင်ကယ် လေးစီးဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။

PDFများက ဆိုင်ကယ်အားရပ်တန့်ပြီး ပြန်လည်ပစ်ခတ်စဉ် ပျူတစ်ဦးပေါင်ကျည်ထိမှန်၍ သုံးမိနစ်ခန့် ပစ်ခတ်မှု ဖြစ်ပွားပြီး ကျန်ပျူများလည်း ဒဏ်ရာရရှိနိုင်ကြောင်း၊ ​သို့သော် အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိကြောင်း ကိုလယျာ်က ပြောသည်။

Public Service Announcement

Public Service Announcement

မြစ်ခြေ – ကျွန်းချောင်းလမ်းတွင် ယခင်ကလည်း စစ်ကောင်စီလက်အောက်ခံ ပျူများနှင့် ဒေသတွင်းPDFများ ပစ်ခတ်မှုအချို့ ရှိခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်