Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်ရှိ ပျူရွာကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်

ပျူစောထီးကြီးစိုးရာ တောပုရွာမှ ပျူများသည် စစ်အုပ်စုနှင့်ပေါင်း၍ PDFအဖွဲ့ဝင်များအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

အသုံးပြုတိုက်ခိုက်ခဲ့သည့်(၄၀)မမ၊ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Lightning People Defence Force အဖွဲ့သားတစ်ဦး၊ ဓာတ်ပုံ-LPDF
အသုံးပြုတိုက်ခိုက်ခဲ့သည့်(၄၀)မမ၊ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Lightning People Defence Force အဖွဲ့သားတစ်ဦး၊ ဓာတ်ပုံ-LPDF

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခန့်က ပျူစောထီးကြီးစိုးရာ တောပုရွာအတွင်းရှိ ပျူနှင့်စစ်အုပ်စု အထိုင်ချနေသော နေရာအား (၄၀)မမ လက်နက်ကြီးဖြင့်လေးချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အသုံးပြုတိုက်ခိုက်ခဲ့သည့်(၄၀)မမ၊ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Lightning People Defence Force အဖွဲ့သားတစ်ဦး၊ ဓာတ်ပုံ-LPDF
အသုံးပြုတိုက်ခိုက်ခဲ့သည့်(၄၀)မမ၊ စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Lightning People Defence Force အဖွဲ့သားတစ်ဦး၊ ဓာတ်ပုံ-LPDF

ထိုသို့တိုက်ခိုက်မှုကြောင့် ပျူနှင့်စစ်သား လေးဦးခန့် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးပြီး ခြောက်ဦး မှာလည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း (၇)-Lightning People Defence Forceနှင့် Dragon Brother’s PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၀ရက် ည ၁၀ခန့်ကလည်း မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာအနောက်ဘက် တောရကျောင်းအနီးတွင် ပြည်သူပိုင်ကွမ်းခြံများကို မီးရှို့ဖျက်ဆီးရန် တောပုပျူရွာမှ ထွက်လာသော ပျူနှင့်စစ်အုပ်စုအား သတင်းအတိအကျရ၍ (၄၀)မမ နှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်အုပ်စုဝင်များ ထိခိုက်ဒဏ်ရာများရရှိသွားပြီးနောက် ရမ်းသမ်းပစ်ခတ်ပြီး တောပုရွာသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Lightning People Defence Force နှင့် Dragon Brother’s PDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပျူစောထီးကြီးစိုးရာ တောပုရွာမှ ပျူများသည် စစ်အုပ်စုနှင့်ပေါင်း၍ PDFအဖွဲ့ဝင်များအားဖမ်းဆီးသတ်ဖြတ်ခြင်း၊ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။