Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)နယ်မြေ မဲဝိုင်ဒေသသို့ စစ်ကောင်စီတပ် လေကြောင်းမှ နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်

မဲဝိုင်ဒေသအတွင်းသို့ ၂ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံ ရွာသားများ နေအိမ် ပျက်စီးမှုများ ကြုံရကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)
(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် (ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေသို့ စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေး ပိုမိုလုပ်ဆောင်လာပြီး နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူလူထုပိုင် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၉ရက်) နံနက် ၈နာရီတွင် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာအုပ်စု ခေါဝါးရွာ ရွာသားများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံး နှစ် လုံး ကြဲချခဲ့ကြောင်း၊ နံနက် ၁၀နာရီ မိနစ် ၄၀ ခန့်တွင်လည်း ဗုံး နှစ်လုံး ထပ်မံကြဲချခဲ့ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းကလည်း မဲဝိုင်ကျေးရွာ အုပ်စုအတွင်းရှိ ဝါသိုးလော်ရွာအတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးများ ကြဲချခဲ့ရာ လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။ လူနေအိမ် ၁၀လုံး ၊ စပါးကျီ တစ်လုံး ဗုံးထိမှန် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းညနေပိုင်း၌ပင် မဲဝိုင်ကျေးရွာအုပ်စု ခလိုခီး ရွာအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရကာ နေအိမ် လေးလုံးနှင့် စပါးကြိတ်စက် တစ်လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)
(စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်ဆီးနေစဉ်၊ KPSN)

အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထိခိုက်သေဆုံးမှု ရှိမရှိကို ဖော်ပြမထားပေ။

မဲဝိုင်ဒေသအတွင်းသို့ ၂ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာ၍ ဒေသခံ ရွာသားများ နေအိမ် ပျက်စီးမှုများ ကြုံရကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။