Connect with us

Hi, what are you looking for?

သတင်း

လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွှေပြည်အေးရွာသား ၁၈ဦးကို စစ်ကောင်စီက ထောင်ဒဏ်(၃)နှစ်စီ မတရားချမှတ်

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

(ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ရွှေပြည်အေးရွာသာများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PKPF)
(ယမန်နှစ် အောက်တိုဘာ ၂၇ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ရွှေပြည်အေးရွာသာများအား တွေ့ရစဥ်၊ ဓာတ်ပုံ - PKPF)

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ရွှေပြည်အေးရွာသား ၁၈ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၃)နှစ်စီ မတရားချမှတ်လိုက်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့(ဒီဇင်ဘာ ၂၂ ရက်) ထုတ်ပြန်သည်။

၂၀၂၁ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ သား ၁၉ ဦးအားဖမ်းဆီးကာ မျက်လုံးကို အဝတ်စဖြင့်ပိတ်ကြိုးနှင့်ချည်ကာ လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
Public Service Announcement

ဖမ်းဆီးခံရသူ ၁၉ ဦးအနက် ဦးမောင်ညိုမှာ တောင်ကြီး အမှတ်(၁)ရဲစခန်းတွင် ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားကာ ကျန်ရှိသူများကို နိုင်ငံတော်ပုန်ကန်မှုဖြင့် အကြမ်းဖက်စစ်တပ်က တရားစွဲဆိုခဲ့သည်။

“မနေ့က(ဒီဇင်ဘာ ၂၁ ရက်) အမိန့်ချလိုက်တာလို့ သိရတယ်။ဒီနေ့မှကြားရတာ”ဟု ဖယ်ခုံမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မတရားထောင်ဒဏ်ချမှတ်ခံရမှု မတိုင်မီက ရွှေပြည်အေးရွာသား ၁၉ဦးအား သေနတ် ၅လက်ဖြင့် ပြန်လာရွေးရန် စစ်ကောင်စီအကြောင်းကြားမှုရှိခဲ့သည်။

ယမန်နှစ် အောက်တိုဘာ ၂၂ ရက်က ခမရ(၃၃၆)တပ် ကင်းစခန်းကို ဖယ်ခုံ PDFက ဝင်တိုက်ခဲ့ရာ MA-3 သုံးလက်၊ MA-2 တစ်လက်နှင့် MA-1 လက်တို့ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။